
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
အမေရိကန်နဲ့ အခြားတိုင်းပြည်တွေထံမှ နောက်ထပ် အကူအညီတွေမရဘူးဆိုရင် ယူကရိန်းဟာ နွေရာ သီမတိုင်မီ စစ်ပွဲမှာ ရှုံးနိမ့်နိုင်တယ်လို့ အမေရိကန် အကြီးတန်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဉီးက ပြောကြား ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။
အမေရိကန်နဲ့ နေတိုးအဖွဲ့ရဲ့ အကူအညီမပါဘဲ ယူကရိန်းနိုင်ငံက မည်မျှကြာအောင် တောင့်ခံနိုင်မလဲဆို တာကို အနောက်နိုင်ငံ ထောက်လှမ်းရေးဌာနတွေက တွက်ချက်နေတယ်လို့ CNN သတင်းဌာနက သောကြာနေ့ မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ နောက်ထပ် အကူအညီသာမရရင် ယူကရိန်းနိုင်ငံဟာ အရင်ဆုံး တာဝေးပစ်ဒုံးကျည် တွေ ကုန်ဆုံးကာ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ပြတ်လပ်ပြီး နောက်ဆုံးမှာ လက်နက်ကြီးကျည်နဲ့ ပ ခုံးထမ်း Javelin တင့်ဖျက်ဒုံးကျည်တွေလိုမျိုး တာတိုပစ်ဒုံးကျည်တွေ ပြတ်လပ်သွားနိုင်တယ်လို့ အနောက်နိုင်ငံ ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းတပ်ဖွဲ့ထက် ၅ ဆမှ ၇ ဆအထိ ပစ်ခတ်နေတာကြောင့် ယူကရိန်းတပ်ဖွဲ့ တွေဟာ ခဲယမ်းမီးကျောက်တွေ ပြတ်လပ်နေပြီလို့ အမေရိကန်နဲ့ ယူကရိန်း တာဝန်ရှိသူတွေကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြပါတယ်။
လက်နက်ကြီးပစ်ခတ်အား လျှော့နည်းလာမှုရဲ့ အကျိုးသက်ရောက်မှုကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်သေ ဆုံးမှုတွေ ဖြစ်စေတယ်လို့ ယူကရိန်း အကြီးတန်း စစ်ဘက်တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
ယူကရိန်းက အနောက်နိုင်ငံတွေထံမှ နောက်ထပ် အကူအညီတွေ ရရှိခြင်း ရှိ မရှိ စောင့်ကြည့်နေပါတယ်။ အမေရိကန်ကွန်ဂရက်မှ ရီဗက်ပလီကင်အမတ်အချို့က ယူကရိန်းသို့ အကူအညီဆက်လက်ပေးဖို့ အင်တင်တင် ဖြစ်နေကြပါတယ်။
ကိုးကား – NHK
Ref; US media: Ukraine ‘certain to fail’ without more aid from West