
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၁၁ ဦးကို မနေ့ က မယ်ဆိုင်မြို့ရှိ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာ ခဲ့ပြီလို့ သိရပါတယ်။
စစ်ကောင်စီ တာချီလိတ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လွင်စိုးက နေရပ်ပြန်ထိုင်းနိုင်ငံသားတွေကို ထိုင်းအာ ဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
နေရပ်ပြန်ထိုင်းနိုင်ငံသားတွေကို ထိုင်း-မြန်မာနယ်ခြားကော်မတီဉက္ကဌ ဗိုလ်မှူးကြီး နာတီးတင်ဆန်နဲ့ ထိုင်း တာဝန်ရှိသူတွေက မယ်ဆိုင်မြို့မှာ ကြိုဆိုခဲ့ကြပါတယ်။
ယခုအသုတ် နေရပ်ပြန်ထိုင်းနိုင်ငံသားတွေဟာ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့တဲ့ စတုတ္ထအသုတ်ဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေး ကောင်းမွန်မှုကို ပြသနေတာလို့ သိရပါတယ်။
နေရပ်ပြန်ထိုင်းနိုင်ငံသားတွေအနက် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အမျိုးသား ၈ ဉီးနဲ့ အမျိုးသမီး ၂ ဦးကို မယ်ဆိုင်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံသားတွေကို အစားအသောက်မကျွေးဘဲ ထိန်းသိမ်းထားပြီး သတ်မှတ်ထားတဲ့ပစ်မှတ်အထိ ငွေ မရဘူးဆိုရင် နှိပ်စက်ခံရတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသား ၅၀၀ ခန့်ကို အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်း) တွေမှာ အဓမ္မ လုပ်ကိုင်စေ တယ်လို့ ထိုင်းနေရပ်ပြန်တွေက ပြောပါတယ်။
တရုတ်နိုင်ငံသားတွေကို တရုတ်စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကယ်ဆယ်ခဲ့တယ်လို့ နေရပ်ပြန် ထိုင်းနိုင်ငံသားတွေက ဆိုပါတယ်။
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံသား ၄၁၄ ဦးကို မြန်မာနိုင်ငံမှ ကယ်တင်ခဲ့ပြီးပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ကန်ချာနာပတ်တရာချိုကဲက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Myanmar hands over 111 Thais