ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

အမေရိကန်နိုင်ငံ သို့မဟုတ် မဟာမိတ်တွေအပေါ် မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားတိုက်ခိုက်မှုက လက်သင့်ခံစရာမရှိဘဲ ကင်ဂျုံအန်အစိုးရ အဆုံးသတ်မှုသာဖြစ်လာမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ဒီ ဇင်ဘာလ ၁၆ ရက် ထုတ်ပြန်ချက်က ဆိုပါတယ်။

“မြောက်ကိုရီးယားရဲ့ တောင်ကိုရီးယားအပေါ် နျူကလီးယားတိုက်ခိုက်မှုကို မြန်ဆန်စွာ လက်တုံ့ပြန်မယ် ဆိုတာ အမေရိကန်နိုင်ငံက ထပ်လောင်းအတည်ပြုပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

“တောင်ကိုရီးယားအပေါ် မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ပေးမယ့် မဆုတ်မနစ်သော ကတိကဝတ်ကို အမေရိကန်နိုင်ငံက ထပ်လောင်းအတည်ပြုပါတယ်” လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်က ပြောပါ တယ်။

မြောက်ကိုရီးယာက နျူကလီးယားတိုက်ခိုက်မှုပြုလုပ်လာရင် မြောက်ကိုရီးယားအစိုးရ ပြုတ်ကျမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီလအတွင်း အလားတူ ပြောကြားခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားက အမေရိကန် သို့မဟုတ် မဟာမိတ်နိုင်ငံတွေအပေါ် နျူကလီးယားနဲ့ တိုက်ခိုက်လာ ရင် ကင်ဂျုံအန်အစိုးရ နိဂုံးချုပ်မယ့်အဓိပ္ပာယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က သတိပေး ခဲ့ဖူးပါတယ်။

ကင်ဂျုံအန်အစိုးရ ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ နျူကလီးယားအစီအစဉ်ကို ဘယ်တော့မှ လက် မလွှတ်ဘူးလို့ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့နှစ်အတွင်း ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့လအတွင်း စစ်ဘက်သူလျှိုဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်း ကြောင်းအတွင်း အောင်မြင်စွာ လွှတ်နိုင်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; US warns North Korea against nuclear attacks

#Ayeyarwaddy_Times