
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
ဩစတြေးလျသို့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေရောင်းချဖို့ အမေရိကန်ကွန်ဂရက်က အ တည်ပြုလိုက်တာကို ဩစတြေးလျအစိုးရက ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
ဗြိတိန်နိုင်ငံလည်း ပါဝင်တဲ့ AUKUS လုံခြုံရေးစာချုပ်အရ သဘောတူခဲ့တဲ့ ဩစတြေးလျသို့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ရောင်းချမယ့်အစီအစဉ်ကို အမေရိကန် လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ ကျော်က အတည်ပြုခဲ့ပါတယ်။
၂၀၃၀ ပြည့်နှစ်အစောပိုင်းမှာ ဩစတြေးလျသို့ ဗာဂျီးနီးယားအတန်းအစား နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော ၃ စင်း လွှဲပြောင်းပေးဖို့ စီစဉ်ထားပါတယ်။
လွန်ခဲ့သော ၂ နှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ AUKUS လုံခြုံရေးစာချုပ်အရ ဩစတြေးလျကို အမေရိကန်၊ ဗြိတိန်နိုင်ငံတွေရဲ့ အကူအညီနဲ့ ရေငုပ်သင်္ဘောသစ် ၈ စင်း ဝယ်ယူခွင့်ပြုပါတယ်။
AUKUS လုံခြုံရေးစာချုပ်မှာ ဩစတြေးလျပါဝင်မှုက အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ ရေတပ်အင် အားတိုးချဲ့မှုကို တန်ပြန်မယ့်နည်းလမ်းတစ်ခုအဖြစ် အမေရိကန်နဲ့ဗြိတိန်က ရှုမြင်ပါတယ်။
အမေရိကန်ကွန်ဂရက်က ဩစတြေးလျသို့ ရေငုပ်သင်္ဘောတွေရောင်းချဖို့ အတည်ပြုတာ အမျိုးသား လုံ ခြုံရေးအတွက် အရေးကြီးတယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ဝါရှင်တန်မြို့တော်သို့ သွားရောက်ချိန်မှာ ကာကွယ်ရေးဉပဒေကြမ်းကို ဒီနှစ်အကုန်မှာ အ တည်ပြုဖို့ ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်က အမေရိကန် လွှတ်တော်အမတ်တွေကို တိုက် တွန်းခဲ့ပါတယ်။
ရေငုပ်သင်္ဘောဆိုင်ရာ သဘောတူညီချက်အရ ဩစတြေးလျနိုင်ငံက လာမယ့်ဆယ်စုနှစ် ၃ ခုအတွင်း အမေရိကန် ဒေါ်လာ ၂၅၀ ဘီလီယံခန့် ကုန်ကျမှာဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံရဲ့ လူနေမှုစရိတ်ကြီးမြင့်မှု အကျပ်အတည်းဖြစ်နေစဉ် နျူကလီးယားစွမ်းအင်သုံး ရေ ငုပ်သင်္ဘောတွေ ဝယ်ယူမှုက အခွန်ကောက်ခံမှုကို တစ်ဖြည်းဖြည်း မြင့်တက်စေနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; US Congress approves sale of nuclear subs to Australia