ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်

ထိုင်းအစိုးရရှေ့နေတွေဟာ မနေ့က အထက်လွှတ်တော်အမတ် ဉပါကစ်ပါချရီယန်ခွန်ကို ငွေကြေးခဝါချ မှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတစ်ခုကို ကူညီပေးမှုတို့ကြောင့် ရာဇဝတ်ခုံရုံးမှာ အမှုဖွင့်လိုက်တယ်လို့ သိရပါ တယ်။

ထိုင်းရှေ့နေချုပ်ရုံး (OAG) က ဉပါကစ်ကို ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတစ်ခုမှာ ပါ ဝင်မှု၊ တရားမဝင် မူးယစ်ဆေးဝါးကွန်ရက်တစ်ခုကို ကူညီမှု စွဲချက်တွေနဲ့ စွဲချက်တင်ပြီးနောက် ထိုင်းအစိုးရရှေ့နေ တွေက အခုလို အမှုဖွင့်ခဲ့တာပါ။

ဥပါကစ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၇ ရက်က မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှုတို့ ကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာခရိုနီ ထွန်းမင်းလတ်နဲ့ ဆက်ဆံမှုရှိတယ်လို့ စွပ်စွဲခံရပါတယ်။

မနေ့က ရှေ့နေနဲ့အတူ ရာဇဝတ်ခုံရုံးကို ရောက်လာခဲ့တဲ့ အထက်လွှတ်တော်အမတ် ဉပါကစ်ကတော့ စွဲ ချက်အားလုံးကို ငြင်းဆန်ခဲ့ပါတယ်။

ထိုင်းအစိုးရရှေ့နေတွေက ဥပါကစ်ကို တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ တရားမဝင် မူးယစ်ဆေး ဝါးပိုင်ဆိုင်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းမှာ ပါဝင်မှု အပါအဝင် စွဲချက် ၆ ခုနဲ့ အမှုဖွင့်င့်ခဲ့တာ လို့ ထိုင်းရှေ့နေချုပ်ရုံး (OAG) ပြောရေးဆိုခွင့်ရှိသူ ပရာယွပ်ပက်ခွန်က ပြောပါတယ်။

ထိုင်းရာဇဝတ်ခုံရုံးကို အမှုကို လက်ခံခဲ့ပြီး မေလ ၁၃ ရက်မှာ သက်သေတွေကို စစ်ဆေးမယ်လို့ ပရာယွပ် က ပြောပါတယ်။ မြန်မာမူးယစ်မှောင်ခိုသမား ထွန်းမင်းလတ်နဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ Move Forward Party (MFP) မှ လွှတ်တော်အမတ် ရန်စီမန်ရိုမီရဲ့ စွပ်စွဲချက်တွေကို တန်ပြန်ဖို့ အသက် ၆၁ နှစ်အရွယ်ရှိ ဉပါကစ်က မတ် လ ၁၇ ရက်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ်အနီးရှိ လျှပ်စစ်ဓာတ်အားပေးဝေးရေး လုပ်ငန်းတစ်ခုမှတစ်ဆင့် မူးယစ်ဆေးကုန် သွယ်မှုကနေ ငွေကြေးခဝါချတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သူက ငြင်းဆန်ခဲ့ပါတယ်။

ဥပါကစ်ရဲ့အမှုကို ဖော်ထုတ်ဖို့ ထိုင်းရှေ့နေချုပ်ရုံး (OAG) က အကြီးတန်း အစိုးရရှေ့နေ ဝတ်ချာရင်ဖာနူ ရတ်ဉီးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) က မူးယစ်ဂိုဏ်းမှာပါဝင်မှု၊ ငွေကြေးခ ဝါချမှုနဲ့ဆက်နွယ်တဲ့ ဉပါကစ်ရဲ့ ပိုင်ဆိုင်မှု ဘတ် ၂၈၅ သန်းကို နိုင်ငံပိုင်သိမ်းဆည်းခဲ့ပါတယ်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) ဟာ နိုဝင်ဘာလ ၃၀ ရက်က ဉပါကစ်ရဲ့ ပိုင်ဆိုင်မှုပစ္စည်း ဘတ် ၄၇၆ သန်းကျော်ကို သိမ်းဆည်းခဲ့ပါသေးတယ်။

ကိုးကား – Bangkok Post
Ref; Upakit faces narcotics, money laundering raps

#Ayeyarwaddy_Times