ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်

တရုတ်နိုင်ငံက မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြားဝင်စေ့စပ်ပေးခဲ့ပြီး နှစ်ဖက်စလုံးက ယာယီ အပစ်အခတ်ရပ်စဲဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေက အိမ်နီးချင်းတရုတ်နိုင်ငံကို စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အာ ဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၂ သန်းကျော် အိုးအိမ်မဲ့ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၂၇ ရက်က စတင် ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်ဆင်မှုကြောင့် ပြည်သူ ၃၀၀၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ နက ဒီဇင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သဘောတူညီချက်တွေကို အကောင်အထည်ဖော်က စိတ် ရှည်သည်းခံမှု ကျင့်သုံးပြီး မြေပြင်က အခြေအနေကို ဖြေလျှော့စေမယ့် အစီအမံကို လုပ်ဆောင်မယ်ဖို့ တရုတ်နိုင်ငံ က မျှော်လင့်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

“စစ်ပွဲရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံမှုတွေပြုလုပ်ဖို့ တရုတ်နိုင်ငံ က မမောနိုင်မပန်းနိုင် ကြိုးပမ်းနေပြီး တင်းမာမှုအရှိန်လျှော့ချဖို့ တွန်းအားပေးခဲ့တယ်” လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ သိသိသာ နည်းပါးလာခဲ့တာဟာ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေရဲ့ အကျိုးစီးပွားကိုသာမက တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တည်ငြိမ်မှုဖြစ်စေပါတယ်” လို့ သူက ဆိုပါတယ်။

အာဆီယံအဖွဲ့ကလည်း မြန်မာပဋိပက္ခ အဖြေရှာဖို့ ၂ နှစ်ကျော်ကြာ ကြိုးပမ်းခဲ့ပေမယ့် သူ့ရဲ့ကြိုးပမ်းမှု တွေကို စစ်ကောင်စီက ဉပေက္ခာပြုခဲ့ပါတယ်။

နယ်စပ်တွေမှတစ်ဆင့် ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေ ဝင်လာမှုကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံက အလွတ်သ ဘော ဆွေးနွေးမှုတွေကတစ်ဆင့် မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ ဒီနှစ်အစောပိုင်းမှာ ကြိုးပမ်းခဲ့ပေမယ့် အချို့က အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီလအကုန်မှာ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမယ် လို့ မြန်မာစစ်တပ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
သို့သော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်မယ့် ကတိက ဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုအကြောင်း မဖော်ပြခဲ့ပါဘူး။

ကိုးကား – Bangkok Post
Ref; China ‘mediated Myanmar peace talks’

#Ayeyarwaddy_Times