
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
မြန်မာ့စီးပွားရေးဟာ လာမယ့်မတ်လမှာကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်မှာ ၁ ရာခိုင်နှုန်းသာ တိုးတက်မယ် လို့ ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။
ပြည်သူ ၅၀၀၀၀၀ ကျော်ကို အိုးအိမ်စွန့်ခွာစေခဲ့တဲ့ စစ်တပ်နဲ့ အတိုက်အခံတွေကြား တိုက်ပွဲတွေ မြင့် တက်လာမှုနဲ့အတူ မြန်မာ့စီးပွားရေးအခြေအနေဟာ ပိုဆိုးရွားလာပါတယ်။
တရုတ်နယ်စပ်အနီး တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ကာ ကုန်စည်ပြတ်လပ်မှုတွေ ဖြစ်ပေါ်ကာ လက်ရှိ ၃၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ပိုဆိုးစေခဲ့တယ် လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၂ ရက်မှာ အစီရင်ခံစာတစ်ခုအတွင်း ပြောပါတယ်။
လူထုခုခံတော်လှန်မှု ဖြစ်စေခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ တိုးလာခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းရဲ့ စီမံခန့်ခွဲမှုအမှားတွေနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှု ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားငွေလဲလှယ်မှု ဆွဲဆောင်ဖို့နဲ့ မြန်မာကျပ်ငွေတည်ငြိမ်ဖို့ ကြိုးပမ်းမှုတွေက မထိ ရောက်ခဲ့ဘဲ မရေရာမသေချာမှုတွေ ဖြစ်စေခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေက နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေပြီး အထည် ချုပ်လုပ်ငန်းရှင်တွေက ဓာတ်အားပြတ်လပ်ချိန်မှာ မီးစက်နှိုးရခြင်းကြောင့် ၂၀၂၂ ခုနှစ်အတွင်း အထည်တင်ပို့မှု သုံးပုံတစ်ပုံနီးပါး ဆုံးရှုံးမှုဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
မြန်မာအထည်ချုပ်လုပ်ငန်းတွေဟာ ရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ဖို့ထက် ရှင်သန်ရေးကိုသာ အလေးထားခဲ့ရ တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် ကင်အလန်အတ်ဒဝပ်က ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။
ကိုးကား – Daily Mail
Ref; Myanmar’s economy is deteriorating as its civil conflict intensifies, World Bank report says