ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

ယူကရိန်းသို့ ထပ်တိုး စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၀၀ ပံ့ပိုးကူညီမယ်လို့ အမေရိကန်၊ ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ ဝေဟင်-ဝေဟင်ခွင်းဒုံးကျည်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ တာဝေးပစ်မှတ်တွေကို တိကျစွာ ပစ်ခတ်နိုင်တဲ့ HIMARS ဒုံးကျည်စနစ် အတွက်ကျည်တွေ ပါဝင်ပါတယ်။

ယခုပေးအပ်တဲ့ ထပ်တိုးစစ်ရေးအကူအညီဟာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေခံနေရစဉ် ယူကရိန်းနိုင်ငံ ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မြှင့်တင်ပေးမယ့် အမေရိကန်နိုင်ငံရဲ့ရည်ရွယ်ချက်ကို ထင်ဟပ်စေပါ တယ်။

ရုရှားက ယူကရိန်းနိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အဆောက်အဉီတွေကို ပစ်မှတ်ထားတိုက်ခိုက်နေရာ ဆောင်း ရာသီဝင်လာချိန်မှာ အဓိက စိုးရိမ်စရာအချက် ဖြစ်လာပါတယ်။

ကွန်ဂရက်က ထပ်တိုးရန်ပုံငွေ အတည်မပြုရင် ဒီနှစ်ကုန်မှာ ယူကရိန်းနိုင်ငံအတွက် အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီဆိုင်ရာ ရန်ပုံငွေပြတ်လပ်တော့မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက ပြောပါတယ်။

ယူကရိန်းနိုင်ငံသို့ အရေးပေါ် ငွေကြေးထောက်ပံ့ဖို့ အမေရိကန် လွှတ်တော်အမတ်အချို့က ကန့်ကွက်တာ ကြောင့် ကွန်ဂရက်က ထိုအစီအစဉ်ကို အတည်မပြုရသေးပါဘူး။

ကိုးကား – NHK
Ref; US announces up to $200 million in additional military aid for Ukraine

#Ayeyarwaddy_Times