
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
မြန်မာနယ်စပ်အနီးမှာ မီသာဖက်တမင်းဆေးပြား သန်း ၅၀ ဖမ်းဆီးရမိခဲ့ရာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေး ပြား အများဆုံးဖမ်းဆီးရမိမှုနဲ့ အာရှတိုက်မှာ ဒုတိယအများဆုံး ဖမ်းဆီးရမိမှုဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ယနေ့ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနပူရီပြည်နယ်ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေက ၆ ဘီးကားတစ်စင်းရဲ့နောက်ပိုင်းရှိ အိတ်ကြီးတွေထဲမှာ မူးယစ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာ လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကုန်တင်ကားပေါ်မှာပါလာတဲ့ အမျိုးသားတစ်ဉီးနဲ့ အမျိုးသမီးတစ်ဉီးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ပြောပါတယ်။
ရွှေတြိဂံဒေသအနီး လာအိုနိုင်ငံတွင်း မီသာဖက်တမင်းဆေးပြား ၅၅ သန်းကျော် ဖမ်းဆီးရမိပြီးနောက် ယ ခုဖမ်းဆီးရမိမှုဟာ ဒုတိယအများဆုံး ဖမ်းဆီးရမိမှုဖြစ်တယ်လို့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂ ရုံး (UNODC) ရဲ့ ဌာနေကိုယ်စားလှယ် ဂျရီမီးဒေါက်ဂလပ်စ်က ပြောပါတယ်။
အာရှတိုက်ရှိ ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာထုတ်လုပ်တဲ့ မီသာဖက်တမင်းဆေးပြားတွေကို မှောင်ခိုကူးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်နေ ပြီး မူးယစ်ဆေးဖြန့်ချိရေးကွန်ရက်တွေဟာ ဂျပန်နဲ့ နယူးဇီလန်အထိ ရောက်ရှိနေတယ်လို့ သူက ဆိုပါတယ်။
“မူးယစ်ဆေးဝါးထုတ်လုပ်မှုက တိုးလာနေပြီး ရာဇဝတ်ဂိုဏ်းတွေဟာ မူးယစ်မှောင်ခိုကနေ ငွေရဖို့ အတူ လုပ်ကိုင်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
ရာဇဝတ်ဂိုဏ်းတွေက ထောက်ပံ့မှုတိုးမြှင့်နေပြီး မီသာဖက်တမင်း ထုတ်လုပ်မှုကုန်ကျစရိတ် နည်းပါးစေ တာကြောင့် အာဏာပိုင်တွေရဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေက ဒေသတွင်း မူးယစ်ဆေးဝါးစီးဆင်းမှုအပေါ် အ နည်းငယ်သာ အကျိုးသက်ရောက်မှုရှိစေမယ်လို့ ဂျရီမီးဒေါက်ဂလပ်စ်က ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေကြောင့် မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေက မူးယစ်ဆေးဝါး ဖြန့်ဖြူးရေးလမ်းကြောင်းတွေနဲ့ လုပ်ငန်းတွေကို တိုးချဲ့လာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – Reuters
Ref; Thai authorities seize record haul of meth tablets near border with Myanmar