
ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဒီဇင်ဘာ ၁၃ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောပင်သာရွာရွာရှိ ညောင်ပင်သာရဲစခန်းကို ယနေ့ဒီဇင်ဘာ ၁၃ ရက်၊ နံနက် ၄ နာရီဝန်းကျင်မှ စတင်ကာ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ညောင်ပင်သာရဲစခန်းကို သိမ်းပိုက် ပြီးနောက် စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်း နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ကြောင်းလည်း သိရသည်။
“စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ထွက်ပြေးတာတွေရှိပါတယ်။ စခန်း သိမ်းနိုင်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါပြီ။ မြေပြင်မှာတော့ တချို့ထိတွေ့မှုတွေ ဆက်ဖြစ်နေ ပါသေးတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ညောင်ပင်သာရဲစခန်းကို တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကျန်ရှိနေသည့် တိုက်ပွဲအခြေအနေကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့မှ ဆက်လက်သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံး ခဲ့သော်လည်း စစ်ကောင်စီလက်အောက်ခံ လောဘီတယ်လီဂရမ် ချန်နယ် များတွင်မူ ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သား နှစ်ဦးသေဆုံးကာ တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဝါဒဖြန့်ပြောဆိုထားသည်။
ဖြူးမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့က ကင်းပုန်းဝပ်နေသည့် ရိုးမ စစ်ကြောင်း(၂)နှင့် စစ်ကောင်စီအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တောင်ငူအမှတ် (၂)ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဖြူး #စခန်းသိမ်း #ညောင်ပင်သာရဲစခန်း #စစ်ကောင်စီတပ်ဖွဲ့ဝင်၃၀ကျော်သေဆုံး #Ayeyarwaddy_Times