
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာပေါ်မှာ ဘိန်းအများဆုံးထုတ်လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အ လက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ဘိန်းထုတ်လုပ်မှု ၃၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ဒီဇင်ဘာလ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ဘိန်း ၁၀၈၀ တန် ထုတ်လုပ်ခဲ့ရာ ၂၀၀၁ ခုနှစ်နောက်ပိုင်း ပမာဏအများဆုံး ထုတ်လုပ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ဟက်တာ ၄၇၀၀၀ က ဘိန်းခင်းတွေဖြစ်ရာ ၂၀၂၂ ခုနှစ်နဲ့နှိုင်းယှဉ်ရင် စိုက်ပျိုးမှုက ၁၈ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးလာခဲ့တာဟာ ကမ္ဘာ့ဘိန်းအများဆုံးထုတ်လုပ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံ မှာ ဘိန်းစိုက်ပျိုးမှု လျှော့နည်းလာတာနဲ့ တိုက်ဆိုင်နေပါတယ်။
ရှမ်းပြည်နယ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုရဲ့ ၂၀ ရာခိုင်နှုန်းအထိရှိပြီး ချင်းပြည်နယ်မှာ ၁၀ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၆ ရာခိုင်နှုန်းရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အဆိုပါပြည်နယ် ၃ ခုမှာ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားတဲ့နေရာတွေဖြစ်ပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းတာ ကြောင့် အတိုက်အခံတွေ လက်နက်စွဲကိုင်မှုဖြစ်စေခဲ့ရာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားနေပါတယ်။
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးလာတာဟာ မတည်ငြိမ်မှု၊ မလုံခြုံမှု၊ ဆင်းရဲမွဲတေမှုနဲ့ အစိုးရရဲ့ ထောက်ပံ့မှုမရှိတာကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြပါတယ်။
“အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တယားတွေ ပျက်သုဉ်းတာကြောင့် ဝေး လံခေါင်ဖျားဒေသတွေရှိ တောင်သူတွေဟာ အသက်မွေးဖို့ ဘိန်းစိုက်ပျိုးရမှုဖြစ်စေပါတယ်” လို့ UNODC ရဲ့ ဌာနေ ကိုယ်စားလှယ် ဂျရီမီးဒေါက်ဂလပ်စ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ရှမ်းပြည်နယ်နဲ့ အခြားနယ်စပ်ဒေသတွေမှာ ပဋိပက္ခတွေ မြင့်တက်လာတာဟာ ဘိန်းစိုက်ပျိုးမှုကို တိုး လာစေနိုင်တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – The National
Ref; Myanmar overtakes Afghanistan as world’s largest producer of opium