
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
တောင်တရုတ်ပင်လယ်၊ အငြင်းပွားရေပိုင်နက်အတွင်းမှာ စစ်သင်္ဘောတွေချင်း တိုက်မိတာနဲ့ပတ်သက်လို့ ဖိလစ်ပိုင်နဲ့တရုတ်နိုင်ငံတို့က အပြန်အလှန် စွပ်စွဲမှုတွေ ပြုလုပ်နေကြပါတယ်။
တနင်္ဂနွေနေ့မနက်ပိုင်းက စပရက်တလေကျွန်းအလွန်မှာ ဖိလစ်ပိုင် ထောက်ပံ့ရေးသင်္ဘော ၂ စင်းနဲ့ ကင်း လှည့်ရေယာဉ်တစ်စင်းကို တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရေကြောင်းပြည်သူ့စစ်တွေက ဟန့်တားနှောင့်ယှက်ခဲ့ တယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်တဲ့ ရုပ်သံဖိုင်တစ်ခုမှာ ကင်းလှည့်ရေယာဉ်ကို တရုတ်သင်္ဘောတွေက ဝန်းရံ ကာ ရေနဲ့ဖျန်းပက်နေပြီး တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းက ဖိလစ်ပိုင် ထောက်ပံ့ရေးသင်္ဘောတစ် စင်းကို ဝင်ဆောင့်ခဲ့တာကို မြင်တွေ့ရပါတယ်။
ထောက်ပံ့ရေးသင်္ဘောတစ်စင်းရဲ့အင်ဂျင် ထိခိုက်ခဲ့ပြီး ကင်းလှည့်ရေယာဉ်က ဆိပ်ကမ်းတစ်ခုကို ကြိုးဖြင့် ဆွဲယူသွားခဲ့ရတယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
တရုတ်သင်္ဘောတွေရဲ့ ရန်စသော၊ အန္တရာယ်ရှိသော အပြုအမူတွေက ဖိလစ်ပိုင်အမှုထမ်းတွေကို အသက် အန္တရာယ်ရှိစေခဲ့တယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက စွပ်စွဲလိုက်ပါတယ်။
ဖိလစ်ပိုင်သင်္ဘောတွေဟာ တရုတ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ကာ သင်္ဘောတစ်စင်းက ပရော်ဖက်ရှင်နယ်မဆန်သော၊ အန္တရာယ်ရှိသော ချိုးကွေ့မှုတစ်ခု ပြုလုပ်ကာ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ရေ ယာဉ်တစ်စင်းကို တမင်တကာ ဝင်တိုက်ခဲ့တယ်လို့ တရုတ် ကမ်းခြေစောင်တပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်စဉ်အတွက် ဖိလစ်ပိုင်နိုင်ငံက အပြည့်အဝ တာဝန်ရှိတယ်လို့လည်း တရုတ်နိုင်ငံက ပြောပါတယ်။ ဒီ ဖြစ်စဉ်ဟာ ရေကြောင်းအငြင်းပွားမှုတွေ ဖြစ်ပွားနေတဲ့ ဖိလစ်ပိုင်နဲ့တရုတ်ကြား ဒုတိယမြောက်ဖြစ်ရပ် ဖြစ်ပါ တယ်။
တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်း အခြားနေရာတစ်ခုမှာ ဖိလစ်ပိုင် ထောက်ပံ့ရေးရေယာဉ်တွေကို ရေနဲ့ဖျန်းပက်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံက စနေနေ့မှာ ပြောကြားခဲ့ပါ တယ်။
ကိုးကား – NHK
Ref; Philippines, China trade accusations over vessel collision in South China Sea