
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်ကောင်စီ၊ စစ်တပ်နဲ့ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် ၄ ဦးနဲ့ စစ်တပ် ကို စစ်လက်နက်တွေထောက်ပံ့တဲ့ လက်နက်ပွဲစားတွေကို ဒီဇင်ဘာလ ၁၁ ရက်က ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှာစာရင်းမှာ စစ်ကောင်စီခန့်ဝန်ကြီးတစ်ဦး၊ စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးနဲ့
ကယားပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် တာဝန်ရှိ တဲ့ တပ်မှူးတစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာစစ်တပ် အသုံးပြုနေတဲ့ လက်နက်နဲ့ အခြားကိရိယာတွေထောက်ပံ့တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Star Sapphire Group of Companies နဲ့ Royal Shune Lei Company Limited တို့ကို ကန့်သတ်တဲ့ အစီအမံတွေ ပြုလုပ်မယ်လို့ ဉရောပသမဂ္ဂက ပြောပါတယ်။
ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ပါဝင်သူတွေရဲ့ ငွေကြေးတွေကို ထိန်းချုပ်ကာ ဒဏ်ခတ်အ ရေးယူခံရသူတွေကို ဉရောပတိုက်သို့ သွားလာခွင့်ပိတ်ပင်မယ်လို့ သိရပါတယ်။
မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ထိုးစစ်ဆင်မှုမှာ ပါဝင်နေတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။
တွေ့ဆုံမှုကို တရုတ်နိုင်ငံက စီစဉ်ပေးခဲ့တာဖြစ်ပြီး ဒီလကုန်မှာ ထပ်မံတွေ့ဆုံမယ်လို့ ဇော်မင်းထွန်းက ပြောကြားကြောင်း စစ်ကောင်စီထိန်းချုပ် MRTV က ဖော်ပြပါတယ်။
ကိုးကား – Bangkok Post
Ref; EU sanctions Myanmar minister, arms suppliers as junta claims rebel talks