ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှ ရေလည်ကျွန်းရွာသို့ ရိက္ခာပို့ ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို ဒေသ ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်ခဲ့ကြ ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရေ လည်ကျွန်းရွာမှ ရိက္ခာပို့ပြန်လာသည့် အင်အား ၅၀ ပါ စစ်ကောင်စီတပ်ကို ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တစ်ဦးပြင်း ထန်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ယင်းမာပင်ခရိုင်တပ်ရင်း အမှတ် (၃၀) ထံက သိရသည်။

“စစ်ကောင်စီတပ်သားတွေ အင်အား ၅၀ လောက်က လှည်းသုံးစီးနဲ့ပြန်လာတဲ့အချိန် လမ်းခုလတ်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ”ဟု တပ်ဖွဲ့တာ၀န်ခံမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေးပြည် သူ့တပ်မတော်-ယင်းမာပင်ခရိုင်တပ်ရင်း အမှတ် ၃၀ နှင့် ယင်းမာပင်ခရိုင်တပ်ရင်း အမှတ် ၂ တို့မှ တိုက် ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ယင်းမာပင်ခရိုင်တပ်ရင်း အမှတ် (၃၀)

#စစ်ကိုင်း #ကနီ #စစ်ကောင်စီ #ယင်းမာပင်ခရိုင်# တပ်ရင်း၃ဝ #တပ်ရင်း၂ #တိုက်ခိုက်သေဆုံး
#Ayeyarwaddy_Times