ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

အောက်တိုဘာလနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ လူဉီးရေ ၅၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး တိုက်ပွဲတွေဟာ တိုင်းပြည်ရဲ့ သုံးပုံနှစ်ပုံကျော်အထိ ပျံ့နှံ့လာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA) က ပြောပါတယ်။

အောက်တိုဘာလ ၂၆ ရက်နောက်ပိုင်း အိုးအိမ်စွန့်ခွာရသူ ၅၇၈၀၀၀ ဉီး ရှိမယ်လို့ ခန့်မှန်းရပြီး တချို့က နေရပ်ပြန်ကြသလို၊ တချို့က အကြိမ်ကြိမ် ထွက်ပြေးရပြီး ဆက်သွယ်ရေးစနစ်တွေလည်း ပြတ်တောက်နေတာ ကြောင့် အချက်အလက်တွေကို အတည်ပြုဖို့ ခက်ခဲတယ်လို့ UNOCHA က ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ၆ ပတ်အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၆၃ ဉီး သေဆုံးခဲ့ပြီး ၄၆၁ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေမြှုပ်မိုင်းထောင်တာတွေ၊ တရားလက်လွတ် ဖမ်းဆီးတာ တွေ၊ လမ်းတွေ ပိတ်ဆို့တာတွေ ဆက်ဖြစ်နေလို့ လူတွေရဲ့ အသက်အန္တရာယ် ပိုများနေသလို၊ ကုန်စည်တွေ သယ် ယူပို့ဆောင်တာနဲ့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံမယ့်နေစရာတွေပါ ပိတ်ပင်ခံနေရတယ်လို့ UNOCHA က ပြောပါ တယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး နောက်ပိုင်း စစ်ဘေးရှောင်ရသူ ၂ သန်းခန့်ရှိလာပြီလို့ UNOCHA က ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက လူ ၄ ဒသမ ၅ သန်းကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၈၈၇ သန်း ရှာဖွေခဲ့ပေ မယ့် ၂၉ ရာခိုင်နှုန်းပဲ ရန်ပုံငွေရခဲ့တယ်လို့လည်း UNOCHA က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အရေးပေါ်ကူညီရေး ရန်ပုံငွေအဖွဲ့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဒေါ်လာ ၇ သန်း အတည်ပြုခဲ့ပေမဲ့ မြန်မာကိုကူညီဖို့ ရန်ပုံငွေတွေ အရေးတကြီး လိုအပ်နေဆဲပဲလို့ UNOCHA က ဆိုပါတယ်။

ကိုးကား – https://www.ungeneva.org
Ref; Fighting engulfs over two-thirds of Myanmar, fuelling humanitarian needs

#Ayeyarwaddy_Times