
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်စီမံကိန်းမှာပါဝင်တဲ့ လူပုဂ္ဂိုလ် ၃ ဦးကို ပစ်မှတ်ထားတဲ့ ဗြိတိန် နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို Burma Campaign UK က ကြိုဆိုလိုက်ပါတယ်။
Zhijiang She၊ ဉီးစောမင်းမင်းနဲ့ စောချစ်သူတို့ကို လူမှောင်ခိုကူးမှု၊ အဓမ္မစေခိုင်းမှု၊ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကြောင့် ဗြိတိန်နိုင်ငံက ဒဏ်ခတ်အရေးယူလိုက်ပြီဖြစ်ပါတယ်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ စောချစ်သူဟာ မြန်မာစစ်တပ်နဲ့ပေါင်းကာ ကလေးစစ်သားစု ဆောင်းမှု၊ အရပ်သားတွေကိုကွက်မျက်မှု၊ နှိပ်စက်မှု၊ အဓမ္မစေခိုင်းမှု၊ အရပ်သားတွေအပေါ် ရမ်းသမ်းတိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို Burma Campaign UK က မှတ်တမ်းတင်ထားပါတယ်။
စောချစ်သူဟာ မူးယစ်မှောင်ခိုမှု၊ ငွေညှစ်မှု၊ လူမှောင်ခိုကူးမှုနဲ့ အဂတိလိုက်စားသော စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေမှာ ပါဝင်ခဲ့တယ်လို့ Burma Campaign UK က ဆိုပါတယ်။
စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် စောချစ်သူ၊ DKBA အဖွဲ့ကို ဒဏ်ခတ်အရေးယူဖို့ Burma Campaign UK က ဗြိတိန်အစိုးရကို ပထမဆုံးအကြိမ် တောင်းဆိုခဲ့ပါတယ်။
“ဒီဒဏ်ခတ်အရေးယူမှုဟာ စောချစ်သူရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ ဆယ်စုနှစ်ချီ ကျူးလွန် ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံဖို့ ခြေလှမ်းတစ်ရပ် ဖြစ်သင့်ပါတယ်။ ဒီဒဏ်ခတ်အရေးယူမှု ဟာ ရွှေကုက္ကိုလ်စီမံကိန်းကြောင့်ဖြစ်လာတဲ့ အန္တရာယ်တွေကို သတိပေးခဲ့တဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေအ တွက် အောင်ပွဲတစ်ခုဖြစ်ပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်ဖာမန်နာက ပြောပါ တယ်။
Burma Campaign UK ဟာ မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရှိန်မြှင့်ဖို့ စဉ်ဆက်မ ပြတ် တောင်းဆိုနေပါတယ်။
မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ စစ်ကောင်စီကို ဝင်ငွေထောက်ပံ့နေတဲ့ နိုင်ငံပိုင်ဘဏ်တွေအ ပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ပြုလုပ်သင့်တယ်လို့ Burma Campaign UK က ပြောပါတယ်။
မြန်မာစစ်တပ်ထံ လေယာဉ်ဆီရောက်ရှိမှု ပိတ်ပင်နိုင်မယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဉီးစားပေးရမယ်လို့
Burma Campaign UK က ဆိုပါတယ်။
ကိုးကား – Burma Campaign UK
Ref; New UK Burma Sanctions Welcomed by Burma Campaign UK