
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
ရန်ကုန်တိုင်း၊ ရွေပြည်သာမြို့နယ်မှ ပျူစောထီးခေါင်းဆောင် လူမိုက်ကျော်၀င်းစိန်သည် ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်တွင် ဓားဖြင့်ခုတ်ကာထိုးသတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
လူမိုက်ကျော်၀င်းစိန်ကို ယမန်နေ့ ည ၁၁ နာရီ၀န်းကျင်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ ကျောင်းကြီးလမ်းတွင် လူမိုက်တစ်ဦးက ဓားဖြင့်ခုတ်ပြီးထိုးသတ်ခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
“ဒလန်အကြီးစား။ လူမိုက်လည်းဖြစ်တော့ လူကြီးတွေနဲ့ တရုန်းရုန်းပေါ့။ သူ့လူမိုက် အဖွဲ့လည်းမနည်းဘူး။ ပျူတွေပေါ့။ သူ့ကိုနယ်မြေကျော်လာလို့ဆိုပြီး ဟိုဘက်ကလူမိုက်က ဓားနဲ့ထိုးခုတ်ပြီးသတ် သွားတာ။ ခုသေပြီဆိုတော့ ပြည်သူတွေအတွက် တစ်ရန်အေးတာပေါ့ဗျာ” ဟု ရွှေပြည်သာမြို့ နယ်တွင် နေထိုင်သူ အမျိူးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကျော်၀င်းစိန်သည် အင်းစိန်မြို့နယ်ဇာတိဖြစ်ပြီး ယင်းမြို့နယ်တွင်လည်း လူမိုက်အဖြစ် လုပ်ကိုင်လျက်ရှိကာ လက်ရှိတွင် ရွှေပြည်သာမြို့နယ်၌ နေထိုင်နေပြီး ပျူအဖွဲ့ ဖွဲ့စည်းထားသည့် လူမိုက်ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း သိရသည်။
လူမိုက်ကျော်၀င်းစိန်သည် ရန်ကုန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများကို ပေါ်ပေါ် ထင်ထင်ရောင်းချခွင့်ရရှိထားသူ တစ်ဦးဖြစ်ပြီး ဓားကိုင်ဆောင်မှု၊ မတရားညှဉ်းပန်း နှိပ်စက်မှုများကို တရား၀င်လုပ်ကိုင်ခွင့်ရရှိထားသော လူမိုက်တစ်ဦးလည်း ဖြစ်သည်ဟု ဆိုသည်။
ကျော်ဝင်းစိန်သည် အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ အလုံမြို့နယ်များတွင် လုယက်မှု ၊ ဓားပြမှု၊ ရဲဘက်ပြေးမှုများဖြင့် ထောက်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခြင်းခံထားရစဉ် မုပ္ပလင် ကျောက်ထုတ်လုပ်ရေးစခန်းမှ ထပ်မံထွက်ပြေးခဲ့သူ ရဲဘက်ပြေး တစ်ဦးဖြစ် သည်။
လူဆိုး လူမိုက်ခေါင်းဆောင် ရဲဘက်ပြေး တရားခံပြေး ကျော်ဝင်းစိန်ကို NLD အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် ချယ်ရီ လမ်းရှိ ၎င်း၏ နေအိမ်တွင် တပည့်ဖြစ်သူ ငှက်ပျောသီးနှင့်အတူ ဖမ်းဆီးခဲ့ကာ ကျော်ဝင်းစိန်ကို ယခင်ပြစ်မှုများအပါအဝင် ထောင်ဒဏ် နှစ် ၇၅ ကျော် ချမှတ်ခဲ့သည်။
ရာဇ၀တ်မှုပေါင်းများစွာဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားသော လူမိုက်ကျော်၀င်းစိန်သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ် မြောက်လာကာ ရွှေပြည်သာမြို့နယ်တွင် ပျူစောထီးအဖွဲ့ခေါင်းဆောင်အဖြစ် စစ်ကောင်စီ၏ စေခိုင်းမှုများကို လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
ခန္ဓာကိုယ်အနှံ့တွင် တက်တူးများထိုးထားသည့် ကျော်၀င်းစိန်၏အမည်အရင်းမှာ ကျင်စိမ်းဖြစ်ပြီး ထောင်မကျခင်ခုနှစ်များက အင်းစိန်မြို့နယ်လူမိုက်ဖြစ်ပြီး လုယက်မှု ၊ ဓားပြမှု၊ ပြန်ပေးဆွဲ ၊ အဓမ္မပြုကျင့်မှုတို့ဖြင့် နှစ်ရှည်ထောင်ကျခဲ့ သူဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီမှ လွတ်ငြိမ်းဖြင့်လွှတ်ပေးခဲ့ကာ ၎င်းတို့၏ လူယုံအဖြစ်ထားကာ စေခိုင်းမှုများပြုလုပ်နေသူဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပျူစောထီးခေါင်းဆောင် လူမိုက် ကျော်ဝင်းစိန် မသေဆုံးခင်ရက်ပိုင်းအလိုက ၎င်း၏ကိုယ်ပိုင်အကောင့်မှ တစ်တော့တွင် ကခုန်ဆော့ကစားနေမှု ဗီဒီယိုရုပ်သံတစ်ခုကို တင်ထားသေးသည်။
ပုံစာ-လူမိုက်ေခါင်းဆောင်ကျော်ဝင်းစိန် ၊ ၂၀၁၆ ခုနှစ် ဇနါနဝါရီ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် လူမိုက်ကျော်ဝင်းစိန်အား ဖမ်းဆီးရမိသည့်သတင်းကိုဖော်ပြထားစဉ်
#ပျူစောထီးခေါင်းဆောင် #လူမိုက်ကျော်၀င်းစိန် #ဓားဖြင့်ထိုးခုတ်ခံရ #သေဆုံး #Ayeyarwaddy_Times