
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စက်သုံးဆီပြတ်လပ်နေပြီး ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၂၀၀၀ ဖိုး သာရောင်းပေးနေသည့်အတွက် ကားနှင့် အိုးဝေများ ဆီထည့်မရသဖြင့် အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဆီဝယ်ရန် အခက်အခဲ ရှိသဖြင့် အချို့သော ကားနှင့်အိုးဝေများ ရပ်နာထားရကြောင်း မြို့ခံများက ပြောသည်။
“ဆီပြတ်တာ သုံး ရက်လောက်ရှိပြီ၊ မြို့ထဲကဆိုင်တွေမှာတော့ ဆိုင်ကယ်တွေဆို ၂၀၀၀ ဖိုးရောင်းပေးတယ်။ ကားတွေနဲ့ အိုးဝေတွေ ထည့်လို့မရတော့ဘူး။ မြို့ပြင်ကဆိုင်တွေမှာတောင်အချို့ ဆိုင်တွေ ထည့်မရဘူး ။ ကျနော်တို့အတွက်တော့ အခက်ခဲရှိတာပေါ့ ။ ဆီထည့်မရရင် အိုးဝေထွက်လို့မရဘူး ဝင်ငွေပါ မရတော့ဘူး “ဟု ပုသိမ်မြို့မှ အိုးဝေမောင်းသည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုသိမ်မြို့တွင်သာမကပဲ ဧရာဝတီတိုင်းရှိမြို့နယ်အချို့တွင်ပါ စက်သုံးဆီပြတ်လပ်နေကာ ဆီစျေးပါ တစ်ရှိန်ထိုးတတ်လာခဲ့ကြောင်း သိရသည်။
“ဒီရက်ပိုင်းမှာ ဓာတ်ဆီစျေးက တော်တော်လေးတတ်လာတာ တစ်လီတာ ၂၅၀၀ ကျပ် ကနေ အခု တစ်လီတာ ၃၂၀၀ ကျပ် အထိဖြစ်လာပြီ ။ ဆိုင်ကြီးတွေမှာဆီပြတ်တော့ အပြင်ဆိုင်တွေက စျေးအကြိုက်တင်ရောင်းနေကြတာ။ အခုက စျေးမကြည့်နိုင်တော့ဘူး ဆီရမရပဲကြည့်နေရတော့တယ် “ဟု ပန်းတနော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စက်သုံးဆီ ပြတ်လပ်မှုကြောင့် သွားလာရေအခက်ခဲများရှိနေပြီး ကျန်းမာရေးနှင့် ပတ်သက်၍ သွားလာရန် အခက်ခဲများရှိနေကြောင်း လည်း ဒေသခံများက ပြောဆိုကြသည်။
ဓာတ်ပုံ-ပုသိမ်မြို့ပုံဟောင်း
#ပုသိမ်မြို့ #ပန်းတနှော်မြို့ #စက်သုံးဆီပြတ်လပ် #ဆိုင်ကယ်တစ်စီးလျှင် #ငွေ၂၀၀၀ဖိုးသာရောင်း #Ayeyarwaddy_Times