
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
မြန်မာနိုင်ငံက အမျိုးသား ပြန်လည်သင့်မြတ်ရေး မြန်ဆန်စွာ အောင်မြင်ပြီး နိုင်ငံရေး အသွင်ကူးပြောင်းမှု ဆက်လက်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ တရုတ်ထိပ်တန်းသံတမန် ဝမ်ယိက ပြောကြားလိုက်ပါ တယ်။
နှစ်နိုင်ငံစလုံးက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကို အမြစ်ပြတ်ချေမှုန်းမယ့် ဉပဒေဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သင့်တယ်လို့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေကို ပေကျင်းမြို့တော်မှာ တွေ့ ဆုံခဲ့တဲ့ ဝမ်ယိက ပြောကြားခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအစိုးရထံကနေ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အကြီးမားဆုံး စိန်ခေါ်မှု ရင်ဆိုင်နေရပါတယ်။
တရုတ်နိုင်ငံသားတွေထံကနေ ဘီလီယံချီတဲ့ ငွေကြေးလိမ်လည်နေတဲ့ မြန်မာနိုင်ငံတွင်းရှိ ကျားဖြန့်လုပ် ငန်းတွေကို တရုတ်နိုင်ငံက ဖြိုခွင်းနေပါတယ်။
“မြန်မာနိုင်ငံက အမျိုးသား ပြန်လည်သင့်မြတ်ရေး မြန်ဆန်စွာ အောင်မြင်ပြီး ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင် ရာ မူဘောင်အရ နိုင်ငံရေး အသွင်ကူးပြောင်းမှု ဆက်လက်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်” လို့ ဝမ် ယိက တွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းမှုနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေမှာ ပိတ်မိနေသူတွေကို ကယ် တင်ရာမှာ နှစ်နိုင်ငံကြား မကြာသေးမီက ပူးပေါင်းဆောင်ရွက်မှုတွေဟာ ရလဒ်တွေ ထွက်ပေါ်ခဲ့တယ်လို့ သူက ဝန် ခံခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးက ဉပဒေနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ အွန်လိုင်း လောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ပြတ်ချေမှုန်းသင့်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံက ကျားဖြန့်လုပ်ကိုင်သူလို့ သံသယရှိသူ ၃၁၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ တယ်လို့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်း ၁၀၀၀ ခန့်မှာ လူပေါင်း ၁၀၀၀၀၀ ခန့် လုပ်ကိုင်နေတယ်လို့ တရုတ် နိုင်ငံ ပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Wang Yi: China hopes Myanmar achieves rapid national reconciliation