
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့မရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရဲစခန်းဝင်းအတွင်း လူနာတင်ယာဥ်များ အများအပြား ဝင်ထွက်နေသည်ကို တွေ့ရကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ မြို့မရဲစခန်းသည် ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသခံများထံက သိရသည်။
“လောလောဆယ် ဆေးရုံကားတွေ ရှုပ်နေတယ်။ စခန်းအနားကိုဘယ်သူမှ အလာမခံဘူး၊ သေနတ်တွေနဲ့ ချိန်ပြီးမောင်းထုတ်တာတွေလုပ်နေတယ်။ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်” ဟု မြဝတီမြို့ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် မြဝတီမြို့မရဲစခန်းရှေ့၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သေနတ်မောင်းချိန်ကာ အသင့်စောင့်နေပြီး ရဲစခန်းရှေ့သို့ ဖြတ်သန်း သွားလာခွင့်မပြုဘဲ မောင်းထုတ်နေကြောင်း မြဝတီမြို့ခံများထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်နှင့် အသေးစိတ် အခြေအနေကို သိရှိနိုင်ရန် ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
ပုံစာ- မြဝတီမြို့မရဲစခန်းကို တွေ့မြင်ရစဉ်(ပုံဟောင်း)
#မြဝတီမြို့မရဲစခန်း #ဒရုန်းဖြင့်တိုက်ခိုက်ခံရ #လူနာတင်ယာဥ်း #ရဲစခန်ဝင်းအတွင်း #ဝင်ထွက်သွားလာ #Ayeyarwaddy_Times