ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် CBM) က ပြည်ပငွေကြေး လဲလှယ်နှုန်းတွေ သတ်မှတ်တော့မှာမဟုတ်ဘဲ ဘဏ်တွေ၊ လိုင်စင်ရ ငွေကြေးလဲလှယ်သူတွေကို ဈေးကွက်နှုန်းအတိုင်း ရောင်းချခွင့်ပြုမယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အကြောင်းပြချက် မဖော်ပြခဲ့သလို မူဝါဒအ ပြောင်းအလဲကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ဝဘ်ဆိုဒ်မှာ တင်ထားတာမရှိဘူးလို့ သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် မြန်မာ့စီးပွားရေး ပြိုလဲခဲ့သလို ဘဏ္ဍာရေး အာဏာပိုင်တွေ က နိုင်ငံခြားငွေထိန်းချုပ်ဖို့ ကြိုးပမ်းနေသလို မှောင်ခိုဈေးကွက်မှာ ငွေလဲလှယ်မှုတွေကို နှိမ်နင်းခဲ့ပြီး ငွေကြေးလဲ လှယ်ရေးကုမ္ပဏီ ၁၄၀ ကို လိုင်စင်ရုတ်သိမ်းခဲ့ပါတယ်။

နိုင်ငံခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရမယ်လို့ သိရပါတယ်။

ပို့ကုန်သမားတွေဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထာတဲ့ တရားဝင်နှုန်းအတိုင်း ဒေါ်လာဝင် ငွေကို ကျပ်ငွေအဖြစ် ပြောင်းလဲဖို့ လိုအပ်သလို ကျပ်ငွေအပေါ် ဖိအားမရှိဖို့ ပြည်တွင်း ငွေကြေးအလွှဲအပြောင်းပြု လုပ်ရာမှာ အစိုးရဝန်ကြီးဌာနတွေ၊ ဒေသန္တရအစိုးရတွေကို နိုင်ငံခြားငွေ အသုံးမပြုဖို့ ညွှန်ကြားခဲ့ပါတယ်။

မြန်မာ့စီးပွားရေးဟာ တည်ငြိမ်မှုအချို့ ပြနေပေမယ့် ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းနဲ့အတူ ကုန်ကျစရိတ် မြင့်တက်လာမှု၊ နိုင်ငံခြားငွေရရှိမှု ခက်ခဲမှုတို့ကြောင့် ရုန်းကန်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ဇွန်လအတွင်းက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Myanmar central bank to no longer set forex rates

#Ayeyarwaddy_Times