ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မ တော် MNDAA ၏ ရည်မှန်းချက်ဖြစ်သည့် လောက် ကိုင်မြို့သိမ်းနိုင်ရေးအတွက် စစ်ဆင်ရေးပြုလုပ် လျက်ရှိရာ လောက်ကိုင်မြို့နှင့်အနီးဆုံးရှိ စစ်ကောင် စီ၏တပ်စခန်းတစ်ခုကို ယမန်နေ့က တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့တစ်ခုလုံးကို မြင်တွေ့နိုင်သည့် တာရင်တောင်၊ ရှောက်ရင်တောင်ရှိ လေးမျက်နှာဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သုံး ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရာတွင် စစ် ကောင်စီတပ်သားများသည် သာသနိကအဆောက် အအုံများတွင် တပ်စွဲနေရာယူထားပြီး တိုက်ပွဲကြောင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးပြီး လက်နက်ခဲ ယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည့် ဗီဒီယိုဖိုင်တွင် တွေ့ရသည်။

ယင်းရုပ်သံဖိုင်တွင် လောက်ကိုင်မြို့တစ်ခုလုံးကို အပေါ်စီးမှ မြင်တွေ့နိုင်ပြီး မြို့နှင့်အလွန်နီးကပ်နေပြီကို တွေ့မြင်ရသည်။

ကိုးကန့်တပ်မတော် MNDAA အနေဖြင့် ကိုးကန့်ဒေသ အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး လောက်ကိုင်မြို့အနီးရှိ တပ်စခန်း ကုန်းများကို သိမ်းပိုက်ထားနိုင်ကာ ၀န်းရံပိတ်ဆို့ထား နိုင်ပြီး သိမ်းပိုက်ရန် လောက်ကိုင်မြို့တစ်မြို့သာကျန် ရှိတော့ကြောင်း သိရသည်။

ယင်းလောက်ကိုင်မြို့ကို မဟာမိတ်ညီနောင်အဖွဲ့မှ သိမ်းပိုက်ရန် စစ်ကြေညာထားပြီး ၎င်းတို့အနေဖြင့် အသင့်ရှိနေပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာ ထားပြီးဖြစ်သည်။

#ရှမ်းမြောက် #လောက်ကိုင် #မဟာမိတ်ညီနောင် #ကိုး ကန့် #MNDAA #စစ်ကောင်စီတပ် #လေးမျက်နှာဘုရား #သိမ်းပိုက်ခံရ #Ayeyarwaddy_Times