ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

တစ်နိုင်ငံလုံးအတိုင်းအတာ မိခင်များတွေ့ဆုံပွဲမှာ တိုင်းပြည်ရဲ့ ကလေးမွေးဖွားနှုန်း ကျဆင်းမှုနဲ့ပတ် သက်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား မိခင်များကွန်ဂရက်ကို ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့က ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။

ကင်ဂျုံအန်က အစည်းအဝေးမှာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး မျိုးချစ်စိတ်ရှိကြဖို့နဲ့ ကလေးများများ ယူ ကြဖို့ မိခင်တွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

မိခင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ အကြီးတန်း တာဝန်ရှိသူတစ်ဉီးပြောကြားတဲ့ မိန့်ခွန်းတစ်ရပ်ကို နားထောင်နေစဉ် ကင်ဂျုံအန် မျက်ရည်သုတ်နေတဲ့ ရုပ်သံဖိုင်ကိုလည်း နိုင်ငံပိုင်ရုပ်သံဌာနက ပြသခဲ့ပါတယ်။

အမျိုးသမီးတစ်ဉီးက ဘဝမှာ ကလေးမွေးဖွားတဲ့ ပျှမ်းမျအရေအတွက်ဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ စု စုပေါင်း ကလေးမွေးဖွားနှုန်းဟာ ဒီနှစ်မှာ ၁ ဒသမ ၇၉ ဉီးရှိမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန် ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားမိခင်တွေရဲ့ ကလေးမွေးဖွားနှုန်းဟာ အလားတူ ဝင်ငွေအဆင့်တူတဲ့ အခြားတိုင်းပြည် တွေက မိခင်တွေထက် များစွာ နည်းပါးနေတယ်လို့ သိရပါတယ်။

တိုင်းပြည်ရဲ့ ကလေးမွေးဖွားမှုနှုန်း ထပ်မံ ကျဆင်းနိုင်မှုက မြောက်ကိုရီးယားနိုင်ငံကို အချက်ပေးနေ တယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; N.Korean leader Kim urges women to have more children at meeting of mothers

#Ayeyarwaddy_Times