ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

အင်ဒိုနီးရှားပိုင်နက်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိလာမှုနဲ့ပတ်သက်တဲ့ကိစ္စကို ကိုင်တွယ်ဖြေ ရှင်းဖို့ လုံခြုံရေးဆိုင်ရာဝန်ကြီး မာဖတ်အမ်ဒီကို ညွှန်ကြားထားတယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

“ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသန္တရအစိုးရအဖွဲ့တွေ၊ UNHCR တို့နဲ့ ပူးပေါင်းဆောင် ရွက်ဖို့ ကျွန်တော် လုံခြုံရေးဆိုင်ရာဝန်ကြီးကို ညွှန်ကြားထားပါတယ်” လို့ ဂျိုကိုဝီက ပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက်က အာချေးပြည်နယ်၊ ဆာဘန်းမြို့တော်ရှိ ကမ်းရိုးတန်းဧရိယာတစ်ခုကို ရိုဟင်ဂျာဒုက္ခ သည် ၁၃၉ ဉီး သောင်တင်ခဲ့တယ်လို့ သိရပါတယ်။

လူသတ်မှု၊ ပြန်ပေးဆွဲမှုတွေ တိုးလာမှုအပြင် ဆိုးရွားလာသော လုံခြုံရေးအခြေအနေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မူလနေထိုင်ရာအရပ်ဒေသတွေကနေ ပိုမိုလုံခြုံတဲ့နေရာတွေမှာ နေထိုင်ဖို့ ကြိုးပမ်းလာကြ တယ်လို့ UNHCR ရဲ့ အင်ဒိုနီးရှားနိုင်ငံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုအဖြစ် ယူဆရတဲ့ ရိုဟင်ဂျာပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မကြာသေးမီအချိန်အတွင်း ပြောကြားခဲ့ ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်မှာ မသေချာမှုတွေ ရှိနေဆဲပဲလို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ တော်မှာပြုလုပ်တဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မာဆူဒီက ပြောပါတယ်။

တစ်ချိန်တည်းမှာပင် ကမ္ဘာ့အခြေအနေနဲ့ မြန်မာ့အရေးက ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ ပိုမိုခက်ခဲစေ ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ရိုဟင်ဂျာပြဿနာ ဖြေရှင်းမှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းမှုရဲ့ တစ်စိတ်တစ်ဒေ သ ဖြစ်သင့်ပါတယ်” လို့ မာဆူဒီက ဆိုပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ UNHCR က ပြောပါတယ်။

ရိုဟင်ဂျာအများစုက နေရပ်စွန့်ခွာကာ ဒုက္ခသည်အဆင့်အတန်း အသိအမှတ်ပြုခံရတယ်လို့ UNHCR ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကိုးကား – Antara News
Ref; Jokowi instructs top security minister to handle Rohingya refugees

#Ayeyarwaddy_Times