
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှ ရှေ့နေထံ လွှဲပြောင်းပေးဖို့ ICC အဖွဲ့ဝင်နိုင်ငံ တွေကို လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က တိုက်တွန်းလိုက်ပါတယ်။
ICC တည်ထောင်တဲ့စာချုပ်ဖြစ်တဲ့ ရောမစာချုပ်ကို အတည်ပြုခဲ့တဲ့ ကမ္ဘာ့နိုင်ငံ ၁၂၄ နိုင်ငံမှ ကိုယ်စား လှယ်တွေဟာ ဒီဇင်ဘာလ ၄ ရက်မှ ၁၄ ရက်အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ နှစ်ပတ်လည် အစည်းအဝေးတစ်ရပ် ပြုလုပ်နေပါတယ်။
“မြန်မာစစ်တပ်နဲ့ ထောက်ခံသူတွေဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမဆန်တဲ့ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ အပါအဝင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကနေလွတ်ကင်းခွင့်ရနေ တာ အချိန်ကြာမြင့်ပြီဖြစ်ပါတယ်” လို့ Fortify Rights ရဲ့ CEO မတ်သယူးစမစ်က ပြောပါတယ်။
“ရောမစာချုပ် အပိုဒ် ၁၄ အရ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အပြင်းထန်ဆုံး ရာဇဝတ်မှုတွေကို စုံစမ်းစစ် ဆေးမှု စတင်ဖို့ ICC အဖွဲ့ဝင်နိုင်ငံတွေက ရှေ့နေချုပ်ကို တောင်းဆိုနိုင်ပြီး ဒါကို နှောင့်နှေးမှုမရှိဘဲ လုပ်ဆောင်သင့် ပါတယ်” လို့ သူက ဆိုပါတယ်။
ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓမ္မ နှင်ထုတ်မှု၊ နှိပ်စက်ကလူပြုမှုနဲ့ လူသားမဆန်သော အပြု အမူတွေကြောင့် စုံစမ်းစစ်ဆေးကာ တရားစွဲဆိုဖို့ ၂၀၁၈ ခုနှစ်မှာ ICC က ရှေ့နေချုပ်ကို တရားစီရင်ပိုင်ခွင့် ပြုခဲ့ပါ တယ်။
ရုရှား-ယူကရိန်းစစ်ပွဲမှာ လုပ်ဆောင်ခဲ့သလိုမျိုး မြန်မာ့အရေးမှာ အပြည့်အဝ စုံစမ်းစစ်ဆေးမှုတစ်ခု ပြု လုပ်ရေး ICC အဖွဲ့ဝင်နိုင်ငံတွေက အရေးတကြီး လုပ်ဆောင်သင့်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ICC အဖွဲ့ဝင် ၄၃ နိုင်ငံဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ယူကရိန်းအရေးကို ICC ရှေ့နေထံ လွှဲ ပြောင်းခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ICC ရဲ့ တရားစီရင်ပိုင်ခွင့်အတွင်း စုံစမ်းစစ် ဆေးမှုတစ်ရပ် ဖွင့်လှစ်လိုက်ပြီလို့ ICC ရှေ့နေက ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ကြေညာခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်မှာ ICC က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သူ့ရဲ့လက်ထောက်တစ်ဉီးဖြစ်သူ မာရီယာဗိုဗာဘီလိုဗာတို့ကို ဖမ်းဆီးဝရမ်းတွေ ထုတ်ခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Myanmar junta’s ‘crimes’ should be referred to Int’l Criminal Court: Rights group