ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်

ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများပြန်လည်ပြင်း ထန်လာပြီး စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုး ကာ လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၃၊ ၂၄ ၂၅ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားရာ သိုင်းချောင်း ကျေးရွာနှင့် ကုလာဘာ၊ ချောင်းဝစသည့်နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တို့ ကျောက်ဖြူရှိ လမ်းကွဲ၊ ကုလာဘာ၊ ချောင်းဝ ကျေးရွာများကြားတွင် တိုက်ပွဲဖြစ် ပွားနေပြီး AA ဘက်မှ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“သိုင်းချောင်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၅၀ ကျော်လောက်ကို သေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်က ကျောက်ဖြူ-ရမ်းဗြဲ-သစ်ပုတ်တောင် လမ်းဆုံမှနေ၍ ကုလာဘာကျေးကွာ အနီးတဝိုက်တွင် ‌စစ်ကြောင်းများထိုးနေပြီး AA တပ်များရှိရာ ဂေါ်တူတောင်ကို ဦးတည် တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းမှစတင်၍ သိုင်းချောင်းကျေး ရွာဘက်သို့ အင်အား ၁၀၀ ကျော်ခန့်သုံးကာ စစ် ကြောင်းထိုးလာရာ AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်သေဆုံးမှုများခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က သိုင်းချောင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မင်းပြင်ကျေးရွာသို့လည်း စက်တပ်လေထီး ပါရာမော်တာဖြင့် လာရောက်ဗုံးကြဲချ ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းအနီးတွင်လည်း စစ်ကော်မရှင်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်ကော်မရှင်ဘက်က နောက်ဆုတ်ထွက်ပြေးရမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်က ရေတပ်ဌာနချုပ်များကို အင်အားတိုးချဲ့ပို့ထားသော်လည်း မြေပြင်စစ်ကြောင်းများကို စစ်ကူမပို့နိုင်သည့်အတွက် စစ်ကြောင်းထိုးလာသည့်တပ်များ သေဆုံးမှုများစွာနှင့် တပ်ဆုတ်နေရခြင်းဖြစ်သည်။