
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
သမ္မတ ဗလာဒီမာပူတင်ဟာ ဒီသီတင်းပတ်နှောင်းပိုင်းမှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ သွားရောက်မယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ပူတင်ဟာ ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း နိုင် ငံတွေကလွဲပြီး ပြည်ပကို ရံဖန်ရံခါမှသာ သွားရောက်ခဲ့ပြီး သူ့ရဲ့ နောက်ဆုံးပြည်ပခရီးစဉ်ဟာ ပြီးခဲ့တဲ့ အောက်တို ဘာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။
ပူတင်ဟာ အရှေ့အလယ်ပိုင်းဒေသက ရေနံထုတ်လုပ်တဲ့ အဆိုပါ ၂ နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထား တယ်လို့ ပူတင်နဲ့နီးကပ်တဲ့ ရုရှားအွန်လိုင်းမီဒီယာတွေက သမ္မတလက်ထောက် ယူရီအူရှာကော့ဗ်ကို ကိုးကားပြီး ဖော်ပြပါတယ်။
ရေနံစိမ်းစျေးနှုန်း ကျဆင်းလာမှုကို ကျားကန်ပေမယ့် ရေနံထုတ်လုပ်မှု လျှော့ချဖို့ OPEC Plus အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ယူအေအီးနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတွေက ကြေညာခဲ့ပါတယ်။
ပူတင်ဟာ ခရီးစဉ်အတွင်း စွမ်းအင်ကဏ္ဍမှာ ၃ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကို ဆွေးနွေးမယ်လို့ မျှော်မှန်းရပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ပူတင်အတွက် ဖမ်းဝရမ်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေ မယ့် ယူအေအီးနဲ့ ဆော်ဒီအာရေးဘီးယားက ICC အဖွဲ့ဝင်မဟုတ်တာကြောင့် နှစ်နိုင်ငံစလုံးက ပူတင်ကို ဖမ်းဆီး ပိုင်ခွင့်မရှိပါဘူး။
ရုရှားနဲ့ဂျာမနီကို ဆက်သွယ်ပေးတဲ့ Nord Streams ဓာတ်ငွေ့ပိုက်လိုင်းကို သက်ရောက်စေခဲ့တဲ့ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလအတွင်း ပေါက်ကွဲမှုတွေကို ပူတင်က အပြစ်ဖို့ပြောဆိုခဲ့ပါတယ်။
ရုရှားဟာ ဆယ်စုနှစ်ပေါင်းများစွာကြာသည့်တိုင် ဂျာမနီနိုင်ငံကို သင့်တော်တဲ့စျေးနှုန်းနဲ့ ဓာတ်ငွေ့၊ အ ခြားလောင်စာတွေ ထောက်ပံ့ခဲ့ပေမယ့် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနဲ့ အခြားအချက်တွေက နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက်စေခဲ့တယ်လို့ ပူတင်က ပြောပါတယ်။
ကိုးကား – NHK
Ref; Putin to make rare overseas trips to UAE, Saudi Arabia this week