ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ DSA စစ်တက္ကသိုလ်ဝင်းအတွင်နေထိုင်သူ အမျိုးသား တစ်ဦးက PDF အသွင်ဆောင်၍ PDF သတင်းများကို စုံစမ်းထောက်လှမ်းကာ စစ်ကောင်စီထံ သတင်းရောင်းစားနေကြောင်း သိရသည်။

ထိုသို့ PDF အသွင်ဆောင်၍ PDF များ၏ သတင်းများကို ရောင်စားနေသူမှာ အသက် ၂၂ နှစ်ဝန်းကျင်ရှိ ကိုဥက္ကာဆိုသူဖြစ်ပြီး ပြင်ဦးလွင်မြို့ DSA စစ်တက္ကသိုလ်ဝင်း အတွင်း နေထိုင်သူဖြစ်ကာ ၎င်း၏ ဖခင်ဖြစ်သူမှာလည်း စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီး ဝင်းရှိန် ဖြစ်ကြောင်း တပ်တွင်သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

“သူ့ကိုယ်သူ(ကိုဥက္ကာ) PDF အယောင်ဆောင်ပြီး နိုင်ငံရေးစကားပြောတယ်။ အရက်ဆိုင်တို့ လက်ဘက်ရည်ဆိုင်တို့မှာ အထိုင်များပြီး စကားပြောလေ့ရှိတယ်။ သူနဲ့လက်ခံပြီး နိုင်ငံ‌ရေးအကြောင်းပြောပြီးရင် သိပ်မကြာဘူး သတင်းပေးဖမ်း ခိုင်းတော့ တာပဲ။ တစ်ယောက်ဖမ်းရင်တစ်ခါ ပိုက်ဆံလည်းရတယ်။ သူ့ကြောင့်အဖမ်းခံရသူလည်း များနေပြီ၊ တပ်ထဲမှာလည်းမူးယစ်ဆေးဖြန့်တယ်” ဟု DSA စစ်တက္ကသိုလ်ဝင်းအတွင်း နေသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

DSA စစ်တက္ကသိုလ်ဝန်းအတွင် PDF တစ်ဦး ဖမ်းဆီးရမိလျှင် ကျပ်‌ငွေငါး သောင်း(၅၀,၀၀၀) မှ တစ်သိန်း(၁၀၀,၀၀၀) အထိစျေးပေါက်နေပြီး အဆိုပါ စစ်တပ် သတင်းပေး ဥက္ကာဆိုသူကြောင့် ဖမ်းဆီးခံထားရသူမှာ ဆယ်ဦး အထက်ရှိနေကြောင်း ဒေသခံများကပြောသည်။

ထို့ပြင် လက်ရှိ ပြင်ဦးလွင် DSA စစ်တက္ကသိုလ် အဝင်ဝများနှင့် စစ်တက္ကသိုလ် ဘေးပတ် ပတ်လည်တွင် စစ်ကောင်စီ အထူးတပ်ဖွဲ့၀င်များ အများအပြားချထားပြီး DSA စစ်တက္ကသိုလ် ကျောင်းဆင်းပွဲကြောင့် မြို့ခံများကို စစ်တက္ကသိုလ်ရှေ့ ဖြတ်သန်း သွားလာခွင့်ကိုပင် ပိတ်ပင်ထားကြောင်း ပြင်ဦးလွင်မြို့ခံများဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီထံ PDF များ၏ သတင်းများကိုရောင်းစားနေသူ

#ပြင်ဦးလွင် #DSAစစ်တက္ကသိုလ်ဝင်း #PDFအသွင်ဆောင် #PDFသတင်းများကိုစုံစမ်း #စစ်‌ကောင်စီထံသတင်းရောင်း #Ayeyarwaddy_Times