
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
အရှိန်ပြင်းထန်လာသော မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံ မယ့် နယ်စပ်တစ်လျှောက် စစ်ရှောင်စခန်းတွေတည်ဆောက်ဖို့ ထိုင်းအစိုးရက အသင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန် ကြီး ပန်ပရီးဘာဟက်ဒါနူကာရာရဲ့ ပြောကြားချက်အရ သိရပါတယ်။
ထိုင်းအစိုးရက မြန်မာနိုင်ငံရဲ့အခြေအနေကို စောင့်ကြည့်နေပြီး တိုက်ခိုက်မှုတွေ ရပ်စဲဖို့နဲ့ ဖြစ်နိုင်သမျှ စောပြီး စေ့စပ်ညှိနှိုင်းဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တောင်းဆိုတယ်လို့ သူက ဆိုပါတယ်။
“လက်ရှိအခြေအနေအရ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာဖွယ်မရှိပါဘူး။ အကြမ်းဖက် မှုတွေ မြင့်တက်လာရင် ထိုင်းနိုင်ငံကိုသာမက ဘက်ပေါင်းစုံမှာ ဒုက္ခသည်တွေ တိုးလာနိုင်ပါတယ်” လို့ သူက ပြော ပါတယ်။
သူ့အနေနဲ့ မြန်မာနိုင်ငံမှာ မည်သည့် ကြားခံစစ်ပွဲဖြစ်ပွားတဲ့ သတင်းမျှတော့ မရရှိခဲ့ဘူးလို့ ပန်ပရီးဘာ ဟက်ဒါနူကာရာက မှတ်ချက်ပြုပါတယ်။
စနေနေ့က မြဝတီမြို့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်တင်ယာဉ်တွေ ပိတ်မိနေခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲ ဆောက်ခရိုင်မှ ၁၀ ကီလိုမီတာခန့်သာ ကွာဝေးပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုမရှိသေးပေမယ့် ဒုက္ခသည်တွေ နယ် စပ်ကိုဖြတ်ကျော်လာရင် လူသားချင်းစာနာမှုအရ လက်ခံမယ်လို့ အမှတ် ၃ စစ်တိုင်းရဲ့ တပ်မှူး ဒုတိယဗိုလ်ချုပ် ကြီး ဆအန်ဆီရီရတ်ခ်က ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Thailand ready to receive Myanmar war refugees