
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
အနာဂတ်မှာ ပဋိပက္ခတစ်ခု ဖြစ်လာခဲ့ရင် ရုရှားက ဘောလ်တစ်နိုင်ငံတွေကို ၁၅ မိနစ်အတွင်း သိမ်းပိုက် မယ်လို့ ရုရှားမီဒီယာကျွမ်းကျင်သူတစ်ဉီးနဲ့ သမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်တစ်ဉီးက ပြီးခဲ့ရက်ပိုင်းအတွင်း ရုပ်သံအစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ထင်ရှားသော ရုရှား ဝါဒဖြန့်ချိရေးသမား ဗလာဒီမာဆိုလော့ရော့ဗ် စီစဉ်ပြုလုပ်တဲ့ ရုပ်သံအစီအစဉ်တစ် ခုကို Russia Media Monitor အဖွဲ့တည်ထောင်သူ ဂျူလီယာဒေးဗစ်က လူမှုကွန်ရက် X မှာ တင်ခဲ့ပြီး ရုရှားအင် ပါယာ ကြီးထွားလာပြီလို့ ဆိုပါတယ်။
ရုပ်သံအစီအစဉ်ရဲ့ ပါဝင်ဆွေးနွေးသူတွေထဲမှာ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွေအတွင်း ရုရှားနိုင်ငံကို ဘက်ပြောင်းခဲ့တဲ့ ရုရှား-အမေရိကန် စစ်ဘက်ရေးရာ ဆန်းစစ်လေ့လာသူ စ တန်နီဆလပ်ဗ်ကရာပက်နက်ခ်လည်း ပါဝင်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်းနိုင်ငံတွေဖြစ်တဲ့ အက်စတိုနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီး ယားတို့ဟာ ရုရှားနိုင်ငံရဲ့ နောက်ထပ်ပစ်မှတ်တွေ ဖြစ်လာနိုင်ပြီး အချိန်တိုအတွင်း ရုရှားလက်တွင်း ကျရောက် မယ်လို့ သူက ပြောပါတယ်။
“ရုရှားအင်ပါယာက ကြီးထွားနေပါတယ်။ ဘောလ်တစ် ၃ နိုင်ငံဟာ ရုရှားရဲ့ နောက်ထပ်ပစ်မှတ်တွေ ဖြစ် လာပါလိမ့်မယ်။ ဘောလ်တစ် ၃ နိုင်ငံက ရုရှားနဲ့ စစ်ဖြစ်လာရင် ၁၅ မိနစ်အတွင်း သိမ်းပိုက်ခံရမှာဖြစ်ပါတယ်” လို့ စတန်နီဆလပ်ဗ် ဆိုပါတယ်။
အဆိုပါဘောလ်တစ် ၃ နိုင်ငံဟာ ၂၀၀၄ ခုနှစ်၊ မတ်လမှာ နေတိုးအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ရုရှား ကျူးကျော်မှုကနေ ကာကွယ်ဖို့ နေတိုးအဖွဲ့ရဲ့ အချက်အချာနေရာတွေ ဖြစ်လာခဲ့ပါတယ်။
ရုရှားခေါင်းဆောင်တွေက ဆိုဗီယက်ပြည်ထောင်စုခေတ် နယ်မြေတွေကို ပြန်လည်သိမ်းယူမယ်လို့ အရိပ် အမြွက်ပြောခဲ့တာကြောင့် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကာလအတွင်း ဘောလ်တစ် ၃ နိုင်ငံဟာ ကာကွယ် ရေးစွမ်းရည်တွေ မြှင့်တင်ခဲ့ပါတယ်။
ကိုးကား – Newsweek
Ref; Putin Ally Predicts Baltic States Will Fall to Russia in 15 Minutes of War