
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
ရှမ်းမြောက်၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီ၏ ယာယီတပ်စခန်း ငါးခုကို ထပ်မံ၍ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် တုန်ရှင်း၊ တုန်ချိန်အပြင်ဘက် မာဟိုင်တောင်တွင် ယာယီတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို MNDAA တပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော်အကြာတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် တာအိုင်တောင်ခြေ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း သုံးခုကိုလည်း တိုက်ခိုက်ခဲ့ရာ ၁၁ နာရီ ၁၆ မိနစ်ခန့်တွင် သိမ်းပိုက်ရရှိခဲ့ပြီး တုန်ရှမ်း ဒေသ လောက်ရှုကုတ်ရွာ အနောက်ဘက်တောင်ကုန်း တွင် တပ်စွဲထားသည့် ခလရ ၅၂၇ တပ်ရင်းစခန်းကို MNDAA မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယင်းတပ်စခန်း မှ တပ်သား ၁၀ ဦးသေဆုံးကာ လက်နက်အချို့ရရှိခဲ့ ကြောင်း သိရသည်။
ယခုတိုက်ပွဲများသည် လောက်ကိုင်မြို့အတွင်း၌ ဖြစ် ပွားခြင်းမဟုတ်ဘဲ မြို့အနီး၌ဖြစ်ပွားခြင်းဖြစ်ကာ ၎င်းတို့၏ စစ်ဆင်ရေးပထမအဆင့်ပြီးဆုံးရန် မြို့တစ်မြို့သာကျန်ရှိတော့ကြောင်း MNDAA မှ စစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
“ကြေညာခဲ့သလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖော် ဆောင်သွားမှာပါ။ စစ်ကောင်စီကိုအမြစ်ပြတ်ချေမှုန်း ရေးကို အဆုံးထိပူးပေါင်းပါ၀င်သွားမှာပါ”ဟု MNDAA စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့သည် ပြီးခဲ့သည့် နို၀င်ဘာ ၁၈ ရက်နေ့က လောက်ကိုင်မြို့ရှိ အရပ်သား ပြည်သူများကို စစ်ကောင်စီတပ်စခန်းများနှင့် ဝေးရာ တွင် နေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် နို၀င်ဘာ ၂၅ ရက်နေ့တွင် ကိုးကန့်တို့၏ အိမ် ပြန်တိုက်ပွဲဖြစ်လာမည့် လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဖြစ်လာတော့မည်ဟုလည်း စစ်ကြေညာခဲ့သည်။
#ရှမ်းမြောက် #လောက်ကိုင် #ကိုးကန့် #MNDAA #စစ်ကောင်စီ #Ayeyarwaddy_Times