
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
အမေရိကန်နိုင်ငံက မြောက်ကိုရီးယားရဲ့ သူလျှိုဂြိုဟ်တုသစ်ကို နှောင့်ယှက်မယ်ဆိုရင် အမေရိကန်အာ ကာသယာဉ်တွေကို လက်တုံ့ပြန်ပြီး တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။
မကြာသေးမီက လွှတ်တင်ခဲ့တဲ့ သူလျှိုဂြိုဟ်တုအား နှောင့်ယှက်မှုကို စစ်ကြေညာမှုတစ်ခုအဖြစ် မြောက် ကိုရီးယားက ရှုမြင်ပြီး လိုအပ်သလို လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဉီးက သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော သူလျှိုဂြိုဟ်တုကို တန်ပြန်နိုင်မယ့် အမေရိကန်နိုင်ငံရဲ့ စွမ်းရည် နဲ့ပတ်သက်လို့ RFA သတင်းဌာနရဲ့ မေးမြန်းချက်ကို အမေရိကန်၊ အာကာသတပ်ဖွဲ့မှ ပြည်သူ့ရေးရာအရာရှိ ရှီရိုင်း ကလင်ကဲလ်က မှတ်ချက်ပေးပြီးနောက် မြောက်ကိုရီးယားနိုင်ငံက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယား သူလျှိုဂြိုဟ်တုအပေါ် ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို စစ်ကြေညာမှုတစ်ခုအဖြစ် ယူဆ မယ်လို့ မြောက်ကိုရီးယား၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Malligyong-1 သူလျှိုဂြိုဟ်တုဟာ အပြည်ပြည်ဆိုင်ရာ အာကာသ စူးစမ်းလေ့လာရေး သဘောတူညီချက် တွေနဲ့အညီ မြောက်ကိုရီးယားပိုင်နက်အတွင်း ရှိနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြောက်ကိုရီးယား သူလျှိုဂြိုဟ်တုကို နှောင့်ယှက်မယ်ဆိုရင် နေ့စဉ် ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ပျံသန်း နေတဲ့ မရေမတွက်နိုင်သော အမေရိကန် သူလျှိုဂြိုဟ်တုတွေဟာ ဖျက်ဆီးခံရမယ့်ပစ်မှတ်တွေ ဖြစ်လာမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
Malligyong-1 သူလျှိုဂြိုဟ်တုကို မြောက်ကိုရီးယားနိုင်ငံက နိုဝင်ဘာလ ၂၁ ရက်မှာ လွှတ်တင်ခဲ့ပြီး အိမ် ဖြူတော်၊ ပင်တဂွန်နဲ့ အမေရိကန်ရေတပ်အခြေစိုက်စခန်းအများအပြားရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံကလည်း ပြီးခဲ့တဲ့ သောကြာနေ့မှာ ပထမဆုံးသော ပြည်တွင်းဖြစ် သူလျှိုဂြိုဟ်တု ကို ကမ္ဘာပတ်လမ်းအတွင်း လွှတ်တင်ခဲ့ပါတယ်။ အဆိုပါသူလျှိုဂြိုဟ်တုဟာ စင်တီမီတာ ၃၀ ထက် သေးငယ်တဲ့ အရာဝတ္ထုတွေကို ထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။
ကိုးကား – South Korea News
Ref; North Korea warns US of conflict red line