
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ၂ရက်နေ့ကစတင်ပြီး ဒီဇယ်နှင့် ဓာတ်ဆီ ဈေး မြင့်တက်နေပြီး ဆီဆိုင်ကြီးအချို့တွင် အကန့်အသတ်ဖြင့်ရောင်းချပေးနေသောကြောင့် တောင်သူများနှင့် လုပ်ငန်းလုပ်ကိုင်ကြသူများ အခက်တွေ့နေကြောင်း မြို့ခံများထံမှသိရှိရသည်။
“ဆိုင်ကြီးတော်တော်များများက အရင်က ဂါလံ ၂၀ ၀ယ်လို့ရရင် ခု ငါးဂါလံတောင် မရောင်းပေးနိုင်တော့ဘူးဖြစ်နေတယ်။ လယ်မှာစပါးရိတ်ဖို့ ဆီလိုက်၀ယ်တာ ဆိုင် ပေါင်းစုံလိုက်၀ယ်နေရတယ်။ ဖွင့်တဲ့ဆိုင်ဆိုလဲတန်းစီနေရတယ်”ဟု ပုသိမ်မြို့နယ်အတွင်းမှ လယ်သမားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဒီဇင်ဘာလကစတင်ပြီး ပုသိမ်မြို့တွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနူန်းများ ယခင် ဈေးထက် ငွေကျပ်၃၀၀နီးပါး တက်သွားပြီး စက်သုံးဆီ ရောင်းချသော ဆိုင်ကြီး ဆိုင်ငယ် များတွင်လည်းဆီရရှိမှုနည်းလာသောကြောင့် ဆီဝယ် ယူရန် ခက်ခဲလာကြောင်း ဒေသခံမျာကထံမှသိရှိရသည်။
သီလဝါဆိပ်ကမ်းမှဆီခွဲတန်းကို ရန်ကုန်၊မန္တလေး၊နေပြည်တော်နှင့်စစ်တပ်ကိုဦးစားပေးသောကြောင့် တခြားမြို့များ၏စက်သုံးဆီလိုအပ်ချက်ကို မဖြည့်နိုင်သည့်အတွက် စက်သုံးဆီ ဝယ်လိုအား နှင့် ရောင်းလိုအား မျှ တမှု မရှိပဲ စက်သုံးဆီ ပြတ်လပ်ကာ ဝယ်ယူရန် ခက်ခဲနေခြင်းဖြစ်သည်။
“သီလဝါကပုသိမ်အတွက်ဆီခွဲတန်းက ဂါလံ ၇၅၀၀ ရတယ် သုံးရက်မှ တစ်ကြိမ်ရတာ ပုသိမ်လိုမြို့အတွက် ဂါလံ၇၅၀၀ဘောက်ဆာတစ်စီးပဲရတာဘယ်လိုလုပ် ဆီလိုအပ်ချက်ပြည့်မီမလဲ”ဟု စက်သုံးဆီရောင်းချသောလုပ်ငန်းရှင်တစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ပုသိမ်မြို့တွင်လူအများအသုံးပြုသော ဆီဆိုင်ကြီးများမှ ဝယ်လိုအားကို ပြည်မှီအောင် ဖြန့်ဝေရောင်း ချနိုင်ခြင်းမရှိသကြောင့် ပို့ဆောင်ရေး လုပ်ငန်းနှင့် အသေးစား အလတ်စား အိမ်တွင်းမှု စက်မှုလက်မှုလုပ် ငန်း လုပ်ကိုင်သူများ အခက်အခဲနှင့် တွေ့ ကြုံနေရကြောင်း
လုပ်ငန်းရှင်တစ်ချို့ထံမှသိရှိရသည်။
#ပုသိမ် #စက်သုံးဆီဈေးတက် #အကန့်အသတ်နှင့်ရောင်းချ #အခက်အခဲကြုံ #Ayeyarwaddy_Times