
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ကတည်းက ခမရ ၅၉၉ တပ်ရင်းနှင့် မုန်းမြို့မြို့မရဲစခန်းကို သိမ်းပိုက်ရ ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် ခမရ ၅၉၀ ကိုထပ်မံတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ် ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“တပ်ရင်းနှစ်ခုနဲ့ ရဲစခန်းအပါအ၀င် သိမ်းပိုက်နိုင်ခဲ့တာ ပါ။ မြို့ကိုရပြီ”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာ ၀တီတိုင်းမ်ကို ပြောသည်။
ပဲခူးတိုင်းအတွင်း ပထမဆုံး မြို့တစ်မြို့ကို သိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ထိုးစစ်ဆင်တိုက် ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုနှင့် လက်နက် သိမ်းဆည်းရရှိမှုများကို အသေးစိတ်ထုတ်ပြန်ပေး သွားမည်ဖြစ်ပြီး လက်ရှိတွင် နယ်မြေရှင်းလင်းရေး များ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ တိုက်ခိုက်ခံနေရစဉ်အတွင်း စစ်တပ်ဝါဒဖြန့်လော်ဘီချန်နယ်များမှ ပဲခူး တိုင်းအရှေ့ခြမ်း မုန်းမြို့အခြေစိုက်စစ်စခန်းများကို တော်လှန်ရေးတပ်များက အင်အားအလုံးအရင်းဖြင့် ၀င်ရောက်စီးနင်းနေသဖြင့် မုန်းမြို့ရဲစခန်းနှင့် မုန်းမြို့ အ၀င်တံတားကင်းစခန်းများမှ ဆုတ်ခွာပေးလိုက်ရ ကြောင်းနှင့် တပ်ရင်းထဲသို့၀င်ရောက်နေ၍ လေကြောင်းပစ်ကူများပေးနေပြီဖြစ်ရာ အင်အားထပ်မံ လိုအပ်ပြီး ဒီထက်မက လေကြောင်းပစ်ကူပေးရန် တောင်းဆိုကြောင်း ရေးသားဖြန့်ဝေခဲ့ကြသည်။
ယင်းကဲ့သို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းလော်ဘီချန်နယ်များတွင် မုန်းမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိသွားပြီဖြစ်ပြီဟုဆိုကာ စစ်တပ်ကို အပြစ်တင်ဝေဖန်ရေးသားမှုများ ပြုလုပ်နေကြသည်။
#ပဲခူးအရှေ့ခြမ်း #မုန်မြို့ #PDFသိမ်းပိုက် #ခမရ၅၉၉ #ခမရ၅၉၀ #Ayeyarwaddy_Times