
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာ ၃ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသား နှစ်ဦးကို မောရဝတီ ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
နိုဝင်ဘာလ ၃၀ ရက် ည ၁၁ နာရီခန့်က လှည်းကုန်း အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ နှစ်ဝန်းကျင်ခန့်ရှိ ကိုအောင်ခက် နှင့် လှည်းကုန်း အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၀ ဝန်းကျင်ခန့်အရွယ်ရှိ ကိုပိုင်ပိုင် တို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“အဲ ဒီနေ့က ကိုအောင်ခက် အိမ်ကို လာဝိုင်းတာက ည ၁၁ နာရီ ရှိပြီ။စစ်ကား အားလုံး သုံးစီးပါ။ အင်အားက နှစ်ဆယ်ကျော်တယ်။သူ့အိမ် မှာ စစ်ဆေးနေတာအကြာကြီးပဲ။ ည ၂ နာရီ ထိုးမှ ကိုအောင်ခက် ကိုဖမ်းပြီးပြန်ထွက်သွားတယ်။ ကိုအောင်ခက် မိသားစုတွေကိုလည်း အခုရက်ထဲမှာ ခရီးမသွားဖို့ကို လဲ မှာခဲ့သေးတယ်။ အဲဒီ ည မှာပဲ ကိုပိုင်ပိုင် ကို ပါတစ်ခါတည်း ဖမ်းဆီးသွားခဲ့တယ်။ဘာဖြစ်လို့လဲ့တော့ မသိဘူး”ဟု ကံပေါက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံရသည့် အမျိုးသား နှစ်ဦး စလုံး ကို မောရဝတီ ရေတပ်ဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးနေပြီး ဒီဇင်ဘာ ၂ ရက် ညပိုင်းအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း နီးစပ်သူများထံမှသိရသည်။
မောရဝတီရေတပ်ဌာနချုပ်သည် အုန်ပင်ကွင်း ကျေးရွာတွင် အခြေစိုက်တည်ရှိပြီး ကံပေါက် နှင့် ခြောက်မိုင်ခန့်အကွာအဝေးတွင်တည်ရှိ သည်။
#တနင်္သာရီတိုင်း #ထားဝယ်ခရိုင် #ရေဖြူမြို့နယ် #ကံပေါက်ဒေသ #မောရဝတီရေတပ်ဌာနချုပ်
#အုန်းပင်ကွင်း #Ayeyarwaddy_Times
Boos