ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် PDFတပ်ဖွဲ့များကို ထောက်ပံမှုပြုလုပ်သည်ဟုစွပ်စွဲဖမ်းဆီးခံရသူ တစ်ပတ်အတွင်း လေးဦးအထိရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။

“သတင်းပေးတွေကတစ်ဆင့်သူတို့တွေဟာ K
pay ကနေ တစ်ဆင့်PDF လှူတယ်လို့သိရလို့ ဖမ်းလိုက်တာ စစ်ဆေးနေတုန်းပဲ”ဟု တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံထားရသူ များမှာနို၀င်ဘာလ ၂၈ရက်နေ့တွင် မြောင်းမြမြို့ တွင် CDMပြုလုပ်ထားပြီး နေအိမ်တွင်နေထိုင်နေသူ ကျောင်းဆရာမနှစ်ဦးနှင့် ရေကြည်မြို့နယ် ၊ အသုတ်မြို့၊ အုန်းတောလမ်းတွင်နေထိုင်သူ ကိုဇော်မင်းထွန်း၊ နို၀င်ဘာလ၂၉ရက်နေ့တွင်မြန်အောင်မြို့နယ်တညင်းကုန်းကျေးရွာမှ မတင်ဇာလင်းဆိုသူတို့ဖမ်းဆီးခံခဲ့ရကြောင်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရသိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့၏ စွပ်စွဲ ဖမ်းဆီးခံထားရသူ လေးဦးကို ရေကြည်မြို့၊မြန်အောင်မြို့နှင့်မြောင်းမြမြို့ရှိ ရဲစခန်းများတွင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။

ဓာတ်ပုံ- ဧရာဝတီ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပုံဟောင်း

#ဧရာ၀တီတိုင်း #PDFကို #ငွေထောက်ပံ့ #တစ်ပတ်အတွင်း၄ဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times