ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဖိလစ်ပိုင်စစ်တပ် သိမ်းယူထားတဲ့ ဝေးလံခေါင်ဖျား ကျွန်းတစ်ကျွန်း ဖြစ်တဲ့ သီတုကျွန်းပေါ်ရှိ စောင့်ကြည့်ရေး အခြေစိုက်စခန်းတစ်ခုနဲ့ အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တ ရုတ်နိုင်ငံရဲ့ ရန်လိုသောအပြုအမူတွေကို တန်ပြန်တော့မှာဖြစ်ပါတယ်။

ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးအကြံပေး အက်ကွာဒိုအေနိုနဲ့ တာဝန်ရှိသူတွေဟာ သီတုကျွန်းကို လေ ကြောင်းနဲ့သွားရောက်ကာ အငြင်းပွား ရေပိုင်နက်အတွင်း တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေကို စောင့်ကြည့်မယ့် ရေဒါ၊ သင်္ဘောခြေရာခံစောင့်ကြည့်ကိရိယာ တပ်ဆင်ထားတဲ့ နှစ်ထပ်ပါ စောင့်ကြည့်ရေးစခန်း ဖွင့်လှစ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အငြင်းပွား ရေပိုင်နက်အတွင်း ပြီးခဲ့တဲ့လတွေအတွင်း တရုတ်နဲ့ ဖိလစ်ပိုင်သင်္ဘောတွေကြား ထိပ်တိုက် တွေ့ဆုံမှုတွေ အရှိန်မြှင့်လာခဲ့စဉ် စောင့်ကြည့်ရေး အခြေစိုက်စခန်းကို တည်ဆောက်ခဲ့တာပါ။

သီတုကျွန်းအလွန်မှာ သံသယဖြစ်ဖွယ်ရာ တရုတ်စစ်သင်္ဘော ၁၈ စင်းကို တွေ့ရှိခဲ့တယ်လို့ စောင့်ကြည့် ရေး အခြေစိုက်စခန်း ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပပြီးနောက် အက်ကွာဒိုက သတင်းထောက်တွေကို ပြောပါ တယ်။

၉၁ ဧက ကျယ်ဝန်းတဲ့ သီတုကျွန်းပေါ်မှာ အင်တာနက်နဲ့ ဆဲလ်ဖုန်းလိုင်း၊ ဓာတ်အားနဲ့ ရေပေးဝေရေးစ ခန်း၊ အသစ်ဆောက်လုပ်ထားတဲ့ လေယာဉ်ပြေးလမ်းတစ်ခု၊ ဆိပ်ခံတံတားတစ်ခု၊ စာသင်ကျောင်း၊ အားကစားရုံနဲ့ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်လာရင် ခိုလှုံဖို့နေရာတစ်ခု ပါရှိပါတယ်။

သီတုကျွန်းဟာ အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက တည်ဆောက်ထားတဲ့ ဆူဘီ ကျွန်းနဲ့ ၁၄ မိုင်မျှသာ ကွာဝေးပါတယ်။

ဆူဘီကျွန်းဟာ တရုတ်နိုင်ငံက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက တောင်တရုတ်ပင်လယ်အတွင်း ဒုံးကျည် တွေတပ်ဆင်ထားတဲ့ စစ်ဘက်အခြေစိုက်စခန်းတွေရှိရာ ကျွန်း ၇ ကျွန်းအနက် တစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားကြီးမားမှုကြောင့် ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၄ ခုနှစ် ကာကွယ်ရေးစာချုပ်အရ ပြည်တွင်းစစ်စခန်းတွေမှာ အမေရိကန်တပ်ဖွဲ့တွေ တပ်စွဲတာကို တိုးချဲ့ခွင့်ပြုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ မဟာဗျူဟာသစ်အရ မကြာသေးမီက အမေရိကန်၊ ဩစတြေးလျတို့နဲ့အတူ ပူးတွဲ ရေကြောင်းနဲ့လေကြောင်း ကင်းလှည့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယင်းသို့သော ပူးတွဲ ရေကြောင်းကင်းလှည့်မှုတွေက သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ ရေကြောင်းဆိုင်ရာ အ ခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို မထိခိုက်စေသင့်ဘူးလို့ တရုတ်နိုင်ငံက သတိပေးခဲ့ပြီး အမေရိကန်နိုင်ငံဟာ အ ငြင်းပွားမှုမှာ ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်အရ ဖိလစ်ပိုင်စစ်တပ်၊ စစ်သင်္ဘော သို့မဟုတ် လေ ယာဉ်တွေ တောင်တရုတ်ပင်လယ်အတွင်း တိုက်ခိုက်ခံရပါက အမေရိကန်နိုင်ငံက ကာကွယ်ပေးရမှာဖြစ်ပါတယ်။

ကိုးကား – AP
Ref; Philippine coast guard constructs new surveillance base in the South China Sea to monitor Chinese vessels

#Ayeyarwaddy_Times