ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ် တိုက်ပွဲမှနေ၍ စစ်ကောင်စီ၏ ၁၅၅ မမ ဟောင်၀စ်ဇာ အမြောက်နှစ်လက်ကို ပထမဦးဆုံးအကြိမ်အဖြစ် သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

သိန္နီမြို့နယ်၊ နမ့်စလပ်အ‌ခြေစိုက် ခမရ-၅၆၇ နှင့် ခမရ-၅၆၈ တပ်ရင်းနှစ်ခုလုံးကို ညီနောင်မဟာမိတ် အဖွဲ့နှင့် KNDF တပ်ရင်းတို့မှ ၀င်ရောက်တိုက်ခိုက်ရာ နို၀င်ဘာလ ၂၄ ရက်နေ့တွင် စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီထံမှ ၁၅ မိုင်အထိ ပစ်ခတ်နိုင်သော အစ္စရေး နိုင်ငံထုတ် Soltan M71 အမျိုးအစား ၁၅၅ မမ ဟောင်၀စ်ဇာ အမြောက်ကြီးနှစ်လက်ကို ပထမဦးဆုံးအကြိမ်အဖြစ် သိမ်းယူနိုင်ခဲ့ကြောင်း စစ်ရေးသတင်းမြစ်ထံက သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၆ ဦးသေ ဆုံးခဲ့ပြီး ၃၁ ဦးကို ဖမ်းဆီးရမိကာ BTR သံချပ်ကာ ကား တစ်စီးကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ်အဖွဲ့၏ စစ်ဆင်ရေး စခန်းသိမ်း တိုက်ပွဲများအတွင်း ယခုကဲ့သို့ ၁၅၅- မမ လက်နက် ကြီးကို သိမ်းဆည်းရမိသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးတစ်လတာ ကာလအတွင်း စစ်ကောင်စီ၏ စခန်းပေါင်း ၂၂၆ ခု၊ သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သည့် တင့်ကားနှင့် သံချပ်ကာကား ၁၂ စီး၊ အတွဲလိုက်ပစ်ဒုံး နှင့်တွဲလျက်ယာဉ် နှစ်စီး ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး မဟာမိတ်အဖွဲ့များ ထိန်းချုပ်နိုင်ခဲ့သည့် မြန်မာ- တရုတ်နယ်စပ်ဂိတ် လေး ဂိတ်ရှိပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ စစ်ရေးသတင်းထုတ်ပြန်ချက် အချက်အလက်များမှ တဆင့်သိရသည်။

သိမ်းဆည်းရမိခဲ့သည့် မြို့အချို့တွင် အုပ်ချုပ်ရေး များပြန်လည် လည်ပတ်နေပြီး လက်ရှိတွင် ပန်ဆိုင်းမြို့ပေါ်၌ အုပ်ချုပ်ရေးယန္တယား ပြန်လည်ထူထောင်ပြီးဖြစ်‌ကာ ပန်ဆိုင်းမြို့အုပ် ချုပ်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်း ထူထောင်ရေး အစည်းအဝေးများကိုပါ ပြုလုပ်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ညီနောင်မဟာမိတ်သုံးဖွဲ့
#ရှမ်းမြောက်နမ့်စလပ်တိုက်ပွဲ #စစ်ကောင်စီ #၁၅မိုင်ပစ်ခတ်နိုင် #၁၅၅မမဟောင်၀စ်ဇာ အ‌မြောက်နှစ်လက် #စစ်လက်နက်ပစ္စည်းများစွာရရှိ #Ayeyarwaddy_Times