
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်
မြန်မာနိုင်ငံမြောက်ပိုင်း လောက်ကိုင်မြို့မှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၁၂၁ ဦး ကို ယနေ့ နေရပ်ပြန်ခေါ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံခဲ့ရတဲ့ အသက် ၂၀ နှစ်မှ ၅၀ နှစ်အ တွင်းရှိ အင်ဒိုနီးရှားနိုင်ငံသားတစ်ဉီး အပါအဝင် မလေးရှားနိုင်ငံသား ၁၂၁ ဦးကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ AirAsia လေကြောင်းလိုင်းရဲ့ အထူးလေယာဉ် တစ်စင်းနဲ့ မလေးရှားနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် လောက်ကိုင်မှာ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၁၂၈ ဦးထိ ကယ်တင်နိုင်ခဲ့ပြီလို့ ဒု တိယ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အလာမင်က ပြောပါတယ်။
“ခုနှစ်ဉီးကိုတော့ အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြန်မခေါ်နိုင်ခဲ့ပေမယ့် မလေးရှားအစိုးရက သူတို့အ တွက် ဘေးလွတ်ရာရွှေ့ပြောင်းဖို့ လုပ်ဆောင်သွားမှာပါ” လို့ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာပြုလုပ် တဲ့ မလေးရှားနိုင်ငံသားတွေကို ကြိုဆိုပွဲအခမ်းအနားမှာ သူက သတင်းထောက်တွေကို ပြောပါတယ်။
သက်ဆိုင်ရာတိုင်းပြည်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အတည်ပြုမှုနဲ့အတူ နိုဝင်ဘာလ ၃၀ ရက် မနက်ပိုင်း မှာ မြန်မာ-တရုတ်နယ်စပ်မှတစ်ဆင့် ရန်ကုန်မြို့ရှိ မလေးရှားသံရုံးနဲ့ ကူမင်းမြို့ရှိ မလေးရှား ကောင်စစ်ဝန်ရုံးတို့ က မလေးရှားနိုင်ငံသားတွေ အိမ်ပြန်ပို့ရေးမစ်ရှင်ကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
မလေးရှား ဒုတိယဝန်ကြီးချုပ် ဖာဒီလာယူစွပ်ရဲ့ နိုဝင်ဘာလ ၁၆ ရက်က တရုတ်နိုင်ငံသို့သွားရောက်တဲ့ တရားဝင် ခရီးစဉ်အတွင်း တရုတ် ဒုတိယဝန်ကြီချုပ် ၂ ဦးနဲ့ တွေ့ဆုံချိန်မှာ လောက်ကိုင်မှာ ပိတ်မိနေတဲ့ မလေး ရှားနိုင်ငံသားတွေ ကယ်ဆယ်ရေးကိစ္စကို ဆွေးနွေးခဲ့တာလို့ မလေးရှားအစိုးရက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ရန်ကုန်မြို့ရှိ မလေးရှားသံရုံးကလည်း ပဋိပက္ခဒေသကနေ မလေးရှားနိုင်ငံသားတွေကို ကယ်ထုတ်ပေးဖို့ မြန်မာစစ်ကောင်စီထံ သံတမန်တောင်းဆိုလွှာ ၁၀ ကြိမ်ထက်မနည်း ပေးပို့ခဲ့တယ်လို့ မိုဟာမက်က ဆိုပါတယ်။
ကိုးကား – Malaymail
Ref; 121 Malaysians stranded in Laukkaing brought home safely, says deputy foreign minister