
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်
“ဒါဟာ အဆိုးဆုံးရာဇဝတ်မှုပါ။စစ်ကောင်စီဟာ လမ်းဆုံးကိုသွားမယ်၊ ဘယ်လိုကောင်းမွန်တဲ့ပြောင်းလဲမှုကိုမှ လက်မခံတော့ဘုးဆိုတာပြလိုက်တာပါပဲ။ယခင်စစ်အာဏာရှင်တွေတောင် မလုပ်ဝံ့တဲ့ အလုပ်မျိုးကို မင်းအောင်လှိုင်နဲ့အဖွဲ့လုပ်လိုက်တာပါပဲ။ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ အဘက်ဘက်ကပြိုလဲနေပြီဆိုတာ ပြည်သူတွေအသိပဲ။နည်းနည်းလေး ထပ်ဇွဲရှိရှိကြိုးစားဖို့ပဲလိုတယ်။မကြာခင်မှာ စစ်ရာဇဝတ်ကောင်တွေရဲ့နိဂုံးကိုတွေ့ရတော့မှာပါ”
- ကိုဝေယံအောင်
ကန်ကြီးထောင့်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
“ရန်သူဟာ သူ့အလုပ်သူ ရန်၊ ငါ ပြတ်စွာ ဆက်လုပ်နေတာပါပဲ။ အခုမှမဟုတ်ဘူး၊ စစ်အာဏာရှင်စနစ်တလျှောက်လုံး လုပ်ခဲ့တာပါ။ အခုလုပ်ရပ်ဆိုရင်လည်း နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးပေါ့။ ပြောင်ပြောင်တင်းတင်းလုပ်ရပ်တွေပဲ၊ အခုကိစ္စဟာ ပြစ်ဒဏ်စီရင်ခြင်းလည်းမဟုတ်ဘူး။ တရားစီရင်ခြင်းလည်းမဟုတ်ဘူး။ ထောင်တွင်းလူသတ်မှုပဲ။ စစ်အုပ်စုက အစဥ်အဆက်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနည်းတူ ထပ်ပြီးကျူးလွန်လိုက်တဲ့ ထောင်တွင်းလူသတ်မှုပဲ။ ဒီတော့ကား တော်လှန်ရေးတရပ်မှာ စိတ်ခံစားချက်တခုတည်းနဲ့တော့ မရဘူး။ ခံယူချက်လိုတယ်။ စိတ်ခံစားချက်ကြောင့် တော်လှန်ရေးကို တွန်းအားဖြစ်စေနိုင်သလိုပဲ တော်လှန်ရေးရဲ့ ခက်ခဲတဲ့လမ်းတွေရောက်တဲ့အခါ မရမကဖြတ်ကျော်နိုင်ဖို့ စိတ်ခံစားချက်တခုတည်းနဲ့မရတော့ဘူး။ ခံယူချက်တွေလိုလာပြီ။ အခု စစ်အုပ်စုရဲ့ တရားမဲ့သတ်ဖြတ်ပြမှုတွေကြောင့် ပြည်သူတွေခံစားနေရတဲ့ စိတ်ခံစားချက်တွေကို ခံယူချက်တွေအဖြစ်ပြောင်းလဲပစ်ပါ။ ဘယ်လိုခံယူချက်လဲဆိုတော့ စစ်အာဏာရှင်စနစ်လုံးဝအမြစ်ပြတ်ရေးဆိုတဲ့ ခံယူချက်မျိုး အာဏာရှင်နဲ့ ဘယ်တော့မှ မစေ့စပ်ဘူးဆိုတဲ့ ခံယူချက်မျိုး၊ ငါ့မျိုးဆက်ကိုရင်းပြီး ငါ့ရဲ့နောက်မျိုးဆက်ကောင်းစေရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး၊ ကိုယ်တဦးတည်းရဲ့ကိုယ်ကျိုးစီးပွားထက် တိုင်းပြည်တရပ်လုံးရဲ့အကျိုးစီးပွားက ပိုအရေးကြီးတယ်ဆိုတဲ့ ခံယူချက်မျိုးပေါ့။ နောက်တချက်ကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ လူထုတရပ်လုံးဟာ အခိုင်မာ အကျစ်လစ်ဆုံးသော ညီညွတ်မှုတွေကို တည်ဆောက်ကြဖို့လိုပါတယ်။ စစ်အုပ်စုလို အဖွဲ့ကြီးကို ဖြိုဖျက်ဖို့ဆိုရင် ကျနော်တို့တွေကိုယ်တိုင်ကလည်း တကွဲတပြားစီမဟုတ်ဘဲနဲ့ စုစည်းနေဖို့လိုပါတယ်။ ရန်သူ့ရင်ဘတ်ကို မြှားတချောင်းလို စိုက်ဝင်ထိုးခွဲပစ်နိုင်မယ့် လူထုလူတန်းစားတရပ်လုံးရဲ့ ညီညွတ်မှုမျိုးပေါ့ဗျာ။ အဲဒါကို ဒီအချိန်မှာ လက်ငင်းတည်ဆောက်ဖို့လိုပြီလို့မြင်တယ်။ တော်လှန်ရေးအင်အားစုအချင်းချင်း၊ ေတာ်လှန်ရေးရဲဘော်အချင်းချင်း၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုအချင်းချင်း၊ သွေးကွဲမနေကြနဲ့တော့ပေါ့ဗျာ၊ ကိုယ့်အာဏာကိုယ်မတည်ဆောက်နေကြနဲ့တော့ပေါ့ဗျာ၊ စစ်ရေးသည်လည်း စစ်ရေးအလျှောက်၊ နိုင်ငံရေးသည်လည်း နိုင်ငံရေးအလျှောက် ပိုလို့ ညီညွတ်ကြဖို့ပဲ အရေးကြီးလာပါပြီ”
- ကိုမင်းဟန်ထက်
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ
“ကိုဂျင်မီတို့ မသေပါဘူး။ အမြဲရှင်သန်နေမှာ၊ သူတို့က ရှေ့လုပ်ရမဲ့အလုပ်တွေကို နှစ်ဆပိုလုပ်ဖို့ တွန်းအားဖြစ်စေသလို တိုက်ခိုက်မဲ့အချိန်တိုင်းမှာ တန်းစီအောက်မေ့သတိရပြီး တော်လှန်ရေး တပ်ဦးအလံတစ်ခုလို သဘောထားပြီးညတိုက်ပွဲဝင်ရမှာ။ သူတို့မသေပါဘူး။ သူတို့အတွက် ကျနော်တို့ ပိုကြိုးစားမှာပါ။ ပြည်သူတွေအနေနဲ့ ကြားနေစိတ်ကိုလျော့ပြီး အာဏာရှင်ကို တွန်းလှန်ဖို့ ပိုအားစိုက်ဖို့ အတူ ပူးပေါင်းပါဝင်ပေးစေချင်ပါတယ်။ စစ်ကောင်စီရဲ့ ဒုက္ခပေးမှုက ဆန့်ကျင်သူတွေကိုတင် မဟုတ်ပါဘူး။ ငါလုပ်မှ ငါစားရတာဆိုတဲ့ သူတွေကိုပါ ရိုက်ခက်မှာမို့ ဘုံရန်သူအဖြစ်သဘောထားပြီး စစ်မှန်တဲ့ ဒီမိုကရေစီ အမြန်ပြန်ရအောင် အတူတူလက်တွဲပေးကြပါ”
- မြောင်မြို့နယ် CDSOM မှ တပ်ဖွဲ့ဝင်တစ်ဦး
“ဖုန်းကြည့်ပြီး ငိုပဲချင်နေတယ်။ ဘ၀ဆက်ဆက် ဒီအာဏာရှင်တွေနဲ့ မတွေ့ရဖို့ပဲဆုတောင်းနေတယ်။ တကယ်လို့ သေဒဏ်ပေးခဲ့တယ်ဆိုရင်တောင် DBတော့ မိသားစုဆီ ပြန်ပေးသင့်တာပေါ့။ ခုဟာက သူတို့ဘာသာလက်လွန်ပြီးဖြစ်တာကို ရောချတာလား။ တကယ်ဆိုရင်တော့ လုံး၀လူမဆန်တဲ့လုပ်ရက်ကြီး တိစ္ဆာန်တွေနဲ့ နှိုင်းရင်တြော အနှိုင်းခံရတဲ့ တိရစ္ဆာန်ကို ပြန်အားနာနေမိတယ် ဒီတော်လှန်ရေးကြီး မုချအောင်ရမယ်။ သူတို့က နောက်လူတွေ လုပ်မလုပ်နိုင်အောင်ကြောက်အောက် သတ်ပြတာဆို ကိုယ်တွေကလည်း မကြောက်ပဲ ရှေ့ဆက်တက်ဖို့ ရှေ့ဆက် တွန်းလှန်ဖို့ ခြေလှမ်းအပြည့်ပါပဲ အာဇာနည်မျိုးသေရိုးမရှိ”
- ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦး