ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်

မကြာခင်က စစ်အာဏာရှင်ကို အဆုံးထိတိုက်ခိုက်ဖို့အတွက် KNU လက်အောက်ကနေ ခွဲထွက်ဖွဲ့စည်းခဲ့တဲ့ ကော်သူးလေးတပ်မတော်ကို ဒုဗိုလ်မှူးကြီး စောစလုံး ဦးဆောင်တဲ့ ဆင်ဖြူရှင်တပ်ခွဲက ပူးပေါင်းခဲ့တယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန် လိုက်ပါတယ်။

ဆင်ဖြူစစ်ကြောင်းအနေနဲ့ ဗိုလ်ချုပ် စောနယ်ဒါးမြလက်အောက်မှာ အထူးကူမန်ဒိုတပ်ရင်းအဖြစ် စခန်းသိမ်းတိုက်ပွဲ တွေမှာပါဝင်ခဲ့သလို ဇူလိုင်လ ၁၇ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ကော်သူးလေတပ်မတော်နဲ့ ပူးပေါင်းသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယဗိုလ်မှူးကြီး စောစလုံးဟာ ဗိုလ်ချုပ် စောနယ်ဒါးမြနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။