
ဓာတ်ပုံ - ULA/AA
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
အာဏာသိမ်း စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင်နိုင်ငံရေးအကျဥ်းသား၄ ဦးကို သေဒဏ်ပေး ကွပ်မျက်လိုက်ခြင်းက နိုင်ငံတကာ၊ အိမ်နီးချင်းနိုင်ငံကြီးများ၏ တိုက်တွန်းချက်များကို နစက စစ်ကောင်စီက ခြေဖြင့်နင်းဖျက်ခြင်းဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် – ULA/AA က ာနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့် မလုပ်သင့်၊ မလုပ်အပ်သော သေဒဏ်ချမှတ်ခြင်းကို မလုပ်မိစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မေတ္တာရပ်ခံတားမြစ်နေသည့်ကြားမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ မြန်မာ ပြည်သူလူထု၏ ဒေါသနှင့် မခံချင်စိတ်ကို နှိုးဆွစိန်ခေါ်သည့်လုပ်ရပ်ဖြစ်ကြောင်း AA က ဆိုသည်။
ကိုဂျင်မီအပါအဝင် ၄ ဦးအား နစက စစ်ကောင်စီမှ ရက်စက်စွာ သေဒဏ်ပေး သတ်ဖြတ်လိုက်သော်လည်း သူတို့ ၄ ဦးထက် ပို၍ရဲရင့်ပြီး ပို၍စွန့်လွှတ်စွန့်စားသော နွေဦးတော်လှန်ရေး သူရဲကောင်းများ ထပ်မံမွေးဖွားလာမည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။