ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်

စစ်ကောင်စီရဲ့ သေဒဏ်ကြိုးမိန့်ပေးခြင်းခံခဲ့ရတဲ့ ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါဝင် ၄ ဦးအား စစ်ကောင်စီက ကြိုးမိန့်ပေးခဲ့တဲ့လို့ ဝါဒဖြန်မီဒီယာကနေတဆင့် ဇူလိုင်လ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ခုလိုမျိုး ကိုဂျင်မီကို စစ်ကောင်စီမတရားတဲ့ ဥပဒေနဲ့ အပြစ်မဲ့တရာစွဲဆိုပြီး သေဒဏ်အမိန့်ချခဲ့တာဖြစ်ပြီး အပြစ်မရှိသူတစ်ယောက်ကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးသမားတွေကလည်း သုံးသပ် ပြောဆိုကြပါတယ်။

ကိုဂျင်မီရဲ့ ဇနီးလည်းဖြစ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးလည်းဖြစ်တဲ့ မနီလာသိန်း ကတော့ ကိုဂျေမီရဲ့ ရုပ်အလောင်းကို မတွေ့မချင်း ဆွမ်းသွပ်တာ၊ အမျှဝေတာ နာရေးလုပ်တာတွေ လုပ်ဆောင်သွားမဟုတ်ဘူးလို့ ဆိုပါတယ်။

” ကျမအနေနဲ့ ကိုဂျင်မီရုပ်အလောင်းမတွေ့မချင်း၊ ဆွမ်းမသွပ်ပါ အမျှမဝေပါ၊ နာရေးမလုပ်ပါ”လို့ သူ့မရဲ့ ဖေ့ဘွတ်ကွန်ရက်လူမှုစာမျက်နှာမှာ ရေးသားဖော်ပြပြောဆိုခဲ့တာပါ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်တို့အပါဝင် စစ်ကောင်စီက မတရားသေဒဏ်အမိန့်ချမှတ်ကာ ပြစ်ဒဏ်စီရင်ခဲ့တဲ့သူ ၄ ဦးလုံးရဲ့ ရုပ်အလောင်းတွေကို ပြန်မပေးဘူးလို့ အကျဥ်းထောင်ဘက်ကပြောဆိုထားပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်ကောင်စီက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်တို့အပါဝင် စစ်ကောင်စီက မတရားသေဒဏ်အမိန့်ချမှတ်ကာ ပြစ်ဒဏ်စီရင်ခဲ့တဲ့သူ ၄ ဦးလုံးရဲ့ ရုပ်အလောင်းတွေကို ထိန်ပင်သုဿာန်မှာ မီးသဂြိုလ်ခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။