
ညီညီမင်း/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ ဇူလိုင်လ ၂၅ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမှာ စက်လှေနဲ့၀င်ရောက်လာတဲ့ ရိုဟင်ဂျာ (၄၈) ဦးကို ဇူလိူင်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
“ရေတပ်သင်္ဘော ၅၅၉က ကင်းလှည့်ရင်း ဖမ်းလာတာပြောတယ်။ ကျား ၂၂ ၊မ ၂၄ စုစုပေါင်း ၄၈ ဦး မိလာတာ”လို့ ဒေသခံရေလုပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဇူလိူင်လ၂၃ ရက်နေ့ ည ၁၂အချိန်မှာ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနောက်ဘက်ပင်လယ်ပြင်တွင် စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောကနေ ရိုဟင်ဂျာတွေသယ်ဆောင်လာတဲ့စက်လှေကိုတွေ့ရှိဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ ၄၈ဦးကို ရွှေသောင်ယံမြို့က ရဲစခန်းမှာ ထားရှိပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။
ဓာတ်ပုံ – ပေးပို့