ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်
မြန်မာစစ်ကောင်စီရဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကွက်မျက်မှုက နိုင်ငံတကာအသိုင်းအ ဝိုင်းမှာ မြန်မာနိုင်ငံကို ပိုပြီး ထီးတည်းဖြစ်စေမှာဖြစ်သလို အလွန် စိုးရိမ်စရာကောင်းတယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာဆာဟာယာရှီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကွက်မျက်မှုက မြန်မာနိုင်ငံက အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းချက်နဲ့ ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို ဆန့်ကျင်နေ တယ်လို့ ၄င်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
၁၉၈၈ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်ကြား မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ယခင်စစ်အစိုးရတွေတောင် နိုင်ငံရေး အ ကျဉ်းသားတွေကို သေဒဏ်မပေးရဲခဲ့ဘူးလို့ အာဆီယံ လူ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်များဥက္ကဌ မလေး ရှား လွှတ်တော်အမတ် ချားလ်ဆန်တီယာဂိုက ပြောပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွက်မျက်မှုက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ငြိမ်းချမ်း ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို နင်းချေပစ်တာဖြစ်ပြီး နွေဦးတော်လှန်ရေးအတွက် ပိုပြီးရဲရင့် တဲ့ သူရဲကောင်းတွေကို ဖြစ်လာစေမယ်လို့ ရခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
ဒီကွက်မျက်မှုကြောင့် မြန်မာနိုင်ငံမှာ မတည်မငြိမ်မှုတွေ အဆုံးသတ်တော့မှာမဟုတ်ဖူးလို့ နိုင်ငံတကာ အကျပ်အတည်းဖြေရှင်းရေးအဖွဲ့မှ ရစ်ချတ်ဟော်ဆေးက ပြောပါတယ်။
“အာဏာသိမ်းစစ်အုပ်စုက သူတို့လုပ်ချင်တာကို လုပ်ပြီး ဘယ်သူ့စကားမှ နားမထောင်ဘူးဆိုတာ ဒီကွက် မျက်မှုက ပြသနေပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Japanese Foreign Minister: Executions Will Further Isolate Myanmar