ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၂၅ ရက်
မကွေးတ်ိုင်း၊ဂန့်ဂေါနယ်တွင် နယ်မြေရှင်းလင်းရေးပြုလုပ်နေတဲ့ ကျောက်ထု PDF မှ ပုံညာတွင် မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်သားများရဲ့ အသုံးအဆောင်များကို ရှာဖွေတွေ့ရှိကြောင်းကျောက်ထု PDF (YRPA) ထံကသိရသည်။
အဆိုပါ စစ်ကောင်စီတပ်သားများဟာ တိုက်မိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခံရပြီး ဒီကနေ့ ကျောက်ထု PDF (YRPA) တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် စစ်ကောင်စီတပ်သားများ၏ ကျန်ရစ်ခဲ့သည့် အသုံးအဆောင်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျောက်ထု PDF (YRPA) ထုတ်ပြန်သည်။
ထို့ပြင် အဆိုပါ ကျောက်ထု – ပခုက္ကူလမ်းပိုင်း လမ်းပိုင်းကို ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင် အသုံးပြုနိုင်ပြီဖြစ်ပြီး ကားလမ်းမကြီး ၏ ဝဲ/ယာ အစပ်ကို ယာဥ်များ မောင်းနှင်ခြင်းမပြုလုပ်ကြဖို့ကို ကျောက်ထု PDF (YRPA) သတိပေးမေတ္တာရပ်ခံထားသည်။
ပြည်သူများအနေဖြင့် လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မိမိတို့ကိုယ်တိုင်သာ အပြည့်အဝတာဝန်ယူရမည်ဖြစ်သည်ဟု ကျောက်ထု PDF က ဆက်လက်ပြောဆိုထားသည်။
ဓာတ်ပုံ-ကျောက်ထုPDF (YRPA)