ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်

ယူကရိန်းလေတပ်ဖွဲ့သို့ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ဂျက်တိုက်လေယာဉ်တွေ ပေးပို့ဖို့ အမေရိကန်နိုင်ငံက စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ယူကရိန်းသို့ ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ဖို့ ပင်တဂွန်က ဆွေးနွေးနေတယ်လို့ ပင်တဂွန် ပြောရေး ဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့တယ်လို့ The Wall Street Journal က ဖော်ပြပါ တယ်။

ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားကျူးကျော်စစ် စတင်ခဲ့ချိန်ကတည်းက ရုရှားတပ်ဖွဲ့တွေရဲ့ လေကြောင်း အင်အားသာလွန်မှုကို စိန်ခေါ်နိုင်ဖို့အတွက် စစ်လေယာဉ်တွေထောက်ပံ့ဖို့ ယူကရိန်းက နောက်နိုင်ငံတွေကို တိုက် တွန်းခဲ့ပါတယ်။

ယူကရိန်းနိုင်ငံက ရုရှားနဲ့ယှဉ်ရင် စစ်လေယာဉ် အနည်း ငယ်သာရှိပြီး အများစုက စစ်အေးခေတ်က တိုက်လေ ယာဉ်တွေဖြစ်ပါတယ်။ ယူကရိန်းက တောင်းဆိုထားတဲ့ဂျက်တိုက်လေယာဉ်တွေပေးဖို့ အမေရိကန်နဲ့ မဟာ မိတ်တွေက အင်တင်တင်ဖြစ်နေရင် ရုရှားရဲ့ လက်တုံ့ပြန်မှုခံရမှာကို စိုးရိမ်နေပါတယ်။

နေတိုးအဖွဲ့က ယူကရိန်းကို တိုက်ခိုက်ရေးလေယာဉ်တွေ ထောက်ပံ့မယ်ဆိုရင် စစ်ပွဲမှာ ပါဝင်လာတဲ့ သဘောသက်ရောက်စေတယ်လို့ ရုရှားနိုင်ငံက သတိပေးခဲ့ဖူးပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းသို့ ဂျက်တိုက်လေယာဉ်သစ်တွေ ထောက်ပံ့ကာ ယူကရိန်း လေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ စဉ်းစားနေတယ်လို့ အမေရိကန် အကြီးတန်းတပ်မှူးတစ်ဦးက ကော်လိုရာဒို ပြည်နယ်မှာပြုလုပ်တဲ့ လုံခြုံရေးညီလာခံတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

စစ်လေယာဉ်သစ်တွေ ထောက်ပံ့ပေးတာအပါအဝင် ယူကရိန်းလေတပ်ဖွဲ့ကို မည်ကဲ့သို့ အဆင့်မြှင့်တင် ပေးမည်ဆိုသည်ကို ဆွေးနွေးနေတယ်လို့ အမေရိကန်လေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချားလ်ဘရောင်းက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်း ဂျာမနီနိုင်ငံရှိအမေရိကန်လေတပ် အခြေစိုက်စခန်းတစ်ခုမှတစ်ဆင့် ယူကရိန်းသို့ MiG-29 ဂျက်တိုက်လေယာဉ်တွေ လွှဲပြောင်းပေးဖို့ ပိုလန်နိုင်ငံရဲ့ အဆိုပြုချက်ကို ပင်တဂွန်က ပယ်ချခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ MiG-29 ဂျက်တိုက်လေယာဉ်အုပ်ရှိပေမယ့် အရေအတွက် မည်မျှရှိပြီး အခြားဂျက်တိုက်လေ ယာဉ်တွေ အသုံးပြုနေခြင်းရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ကိုးကား – AP
Ref; US considering supplying fighter jets to Ukraine, reports say