
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ၂၀၂၄ ခုနှစ်မှာ တိုင်းပြည်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့ အတည်ပြုလိုက်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဆရီမူလ်ယာနီအင်ဒရာဝါတီက ပြောပါတယ်။
သမ္မတ ဂျိုကိုဝီ၊ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တိုနဲ့အတူ တက်ရောက်ခဲ့တဲ့ အစည်းအဝေးတစ် ခုအတွင်း အတည်ပြုခဲ့တာလို့ အင်ဒရာဝါတီက ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅ ဘီလီယံမှ ၂၅ ဘီလီယံအထိ တိုးမြှင့်မယ်လို့ သူက ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်မှ ၂၀၃၄ ခုနှစ်အထိ ကာလအတွင်း ကာကွယ်ရေးဘတ်ဂျက်ဟာ ဒေါ်လာ ၅၅ ဘီလီယံ ဆက်ရှိနေမှာဖြစ်ပြီး ရန်ပုံငွေအရင်းအမြစ်က ပြည်ပချေးငွေဖြစ်မယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်နဲ့ GDP ရာခိုင်နှုန်းဟာ ဒေသတွင်း ထွန်းသစ်စ စီးပွားရေးအင်အားကြီး ၆ နိုင်ငံကြား အနိမ့်ဆုံးဖြစ်ခဲ့တယ်လို့ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးသုတေသနအင်စတီကျု့ (SIPRI) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ပရာဘိုဝို လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံတန်ကြေးရှိ ရာဖေးလ်ဂျက်တိုက်လေယာဉ် ၄၂ စင်း၊ ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ တူရကီနိုင် ငံမှ ဒရုန်း ၁၂ စင်းနဲ့ ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိ Mirage 2000-5 ဂျက်တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူဖို့ ပါ ဝင်ပါတယ်။
အမေရိကန်နိုင်ငံ ဘိုအင်းနဲ့ လော့ဟိမာတင်ကုမ္ပဏီတွေထံမှ ဂျက်တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင် ရေး ရဟတ်ယာဉ်တွေ ဝယ်ယူဖို့လည်း သူက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ရေငုပ်သင်္ဘောတစ်စင်း နစ်မြှုပ်ပြီးနောက် အင်ဒိုနီးရှားနိုင် ငံဟာ ဗြိတိန်နိုင်ငံမှ ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိ ရေငုပ်သင်္ဘောကယ်ဆယ်ရေးရေယာဉ်တစ်စင်း ဝယ်ယူမယ့် သဘောတူညီချက်တစ်ရပ်ကို စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကိုးကား – VOA
Ref; Indonesia Approves 20% Increase in Defense Spending Through 2024