
ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၃၀ ရက်
ရှမ်းမြောက်စစ်ပွဲများတွင် စစ်ရှုံးနေရခြင်းမှာ တရုတ်-မြန်မာနယ်စပ် ဖြစ်သည့်အတွက် ကန့်သတ်ထိန်း သိမ်းဆောင်ရွက်နေရခြင်းကြောင့်ဟု စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နယ်မြေစိုးမိုးမှု ဆုံးရှုံးနေရခြင်းများနှင့်ပတ်သက်၍ တပ်မိသားစုများ၏ အသက်အန္တရာယ်လုံခြုံရေးအရ အချို့နေရာများကို စွန့်လွှတ်ပေးခဲ့ရသလို တရုတ်- မြန်မာနေစပ်ဖြစ်နေခြင်းကြောင့် တစ်ဖက်နိုင်ငံက အထင်မလွဲရန် ကန့်သတ်ထိန်းသိမ်းဆောင်ရွက်နေရ သည်ဟု ယမန်နေ့ နို၀င်ဘာ ၂၉ ရက်နေ့က ပြုလုပ် သည့် အစည်းအဝေးတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တိုက်ပွဲများအတွင်း မဟာမိတ်တပ်ပေါင်းစု များက သာလွန်အင်အားအသုံးပြုပြီးတိုက်ခိုက်သည်ကို ခံနေရသည်ဟုပြောဆိုခဲ့သည့်အပြင် ပြည်ပ ဒရုန်းပညာရှင် ၆၅၀၀ နှင့် Drop ဗုံးပေါင်း ၂၅၀၀၀ ကျော်အသုံးပြုကာ ၁၀၇ မမ ရှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်နှင့်ပါ တိုက်ခိုက်ခံခဲ့ရသည်ဟု ၎င်းကဆိုသည်။
လက်နက် ကိုင်ပြီး အာဏာလိုချင်သူများ ပေါ်ပေါက်နေသည့်အတွက် ယင်းစိတ်ဓာတ်တွေကို ပြုပြင်ရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
ယင်းသို့ပြောဆိုခဲ့သည့် စစ်ခေါင်းဆောင်က မိုင်းကျက်စခန်းပြန်လည်ရရှိရေးတစ်ခုတည်းတွင်ပင် လေ ကြောင်းမှ တိုက်ခိုက်မှုအကြိမ် ၂၀၀ ကျော်ပြုလုပ်ခဲ့ ပြီး စစ်ရေးနှင့်မဆိုင်သည့် ပစ်မှတ်များကို ဦးတည် တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း စစ်ကောင်စီအနေဖြင့် ပြည်သူများ နေထိုင်သည့်နေရာများကို မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းမပြုလုပ်ကြောင်း စစ်ခေါင်းဆောင်က ပြော ဆိုခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်းဖြစ်ပွါးသည့် တိုက်ပွဲများ တွင် စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ရခိုင်ပြည်သူ ၃၀ ဦးထက်မနည်းသေဆုံးပြီး ၅၀ ဦးကျော်ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု AAPP ကထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းချစ် ပြည်ချစ်စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်အတွက်လည်း ရခိုင်ပြည်သူများကို တောင်းဆိုကြောင်း စစ်ခေါင်းဆောင်က ထေုတ်ဖော်ပြောဆိုထားသည်။
#တရုတ်မြန်မာနယ်စပ် #ရှမ်းမြောက်#စစ်ကောင်စီ #စစ်ခေါင်းဆောင်# #ရခိုင်ပြည်နယ် #AAPP
#Ayeyarwaddy_Times