ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်

ရုရှားကျူးကျော်စစ်ကို ခုခံကာကွယ်နေတဲ့ ယူကရိန်းနိုင်ငံအတွက် နေတိုးအဖွဲ့က မဆုတ်မနစ် ပံ့ပိုးကူညီ မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထပ်လောင်းပြောကြားလိုက်ပါတယ်။

“ရုရှားကျူးကျော်စစ် ၂ ပြည့်မြောက်ဖို့ နီးကပ်လာချိန်မှာ အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက ယူက ရိန်းနဲ့အတူ ဆက်လက်ရပ်တည်ခြင်း ရှိ မရှိ ဆိုတာနဲ့ပတ်သက်လို့ အချို့က မေးမြန်းနေကြပါတယ်” လို့ ဘရပ် ဆဲလ်မြို့တော်မှာ နေတိုး-ယူကရိန်းကောင်စီ
အစည်းအဝေးပြီးနောက် သူက ပြောပါတယ်။

“ကျွန်တော်တို့ ယူကရိန်းနိုင်ငံကို ဆက်လက်ပြီး ပံ့ပိုးကူညီမှာဖြစ်ပါတယ်” လို့ နေတိုးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အန်တိုနီဘလင်ကန်က ဆက်ပြောပါတယ်။

နောက်ထပ် ဓားစားခံတွေ လွတ်မြောက်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ရရေး အစ္စရေး-ဂါဇာ အပစ်အခတ်ရပ်စဲမှုကို သက်တမ်းတိုးဖို့ လာမယ့်ရက်အနည်းငယ်အတွင်း လုပ်ဆောင်မယ်လို့ သူက ဆိုပါ တယ်။

အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား ဂါဇာဒေသမှာ (၄) ရက်ကြာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ် စဲမှုကို နောက်ထပ် (၂) ရက် သက်တမ်းမယ့် သဘောတူညီချက်တစ်ရပ်ကို ကာတာနိုင်ငံက ကြေညာခဲ့ပြီး အကျဉ်း သားတွေလဲလှယ်တာ ပြုလုပ်မယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမာစ်က အောက်တိုဘာလ ၇ ရက်မှာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက် မှုတစ်ခု ပြုလုပ်ပြီးနောက် အစ္စရေးနိုင်ငံဟာ ဂါဇာဒေသမှာ စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။

အစ္စရေး-ဟားမာစ် ပဋိပက္ခကြောင့် ကလေးငယ် ၆၁၅၀ ဉီးနဲ့ အမျိုးသမီး ၄၀၀၀ အပါအဝင် လူပေါင်း ၁၅၀၀၀ သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဌာန အာဏာပိုင်တွေက ပြေပါတယ်။

အစ္စရေး-ဟားမာစ်စစ်ပွဲကြောင့် အစ္စရေးနိုင်ငံဘက်မှာ တရားဝင် လူသေဆုံးမှုက ၁၂၀၀ ဖြစ်တယ်လို့ တာ ဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကိုးကား – Anadolu
Ref; Blinken reiterates NATO’s ‘unwavering’ support for Ukraine

#Ayeyarwaddy_Times